စီးပွားရေး ဒိုင်ယာရီ (Dec 22,2018)

marthin
blank, paper, pen

စီးပွားရေး ဒိုင်ယာရီ (Dec 22,2018)


ကမ္ဘာကျော်သူဌေးကြီး ဝါရန်ဘူးဖတ် ( Warren Buffett ) က ဘဝအောင်မြင်ရေးအတွက် ကြိုးစားနေတဲ့လူများကို ဘဝရည်မှန်းချက်ပန်းတိုင် ချမှတ်တဲ့နေရာမှာ ဒီလိုအကြံပေးဘူးပါတယ်။
၁။ ကိုယ်ဖြစ်ချင်တဲ့အရာ ၂၅ ချက်ကို စာရွက်အလွတ်ပေါ်မှာ ချရေးပါ။
၂။ အဲဒီအထဲက အရေးအကြီးဆုံး အချက် ၅ ချက်ကို ရွေးပါ။
၃။ အဲဒီ အချက် ၅ ချက် ကို အောက်ပါ စက်ဝိုင်း ၃ခုထဲဖြည့်ပါ။ စက်ဝိုင်း ၃ခုစလုံး ပါရပါမယ်။
ပြီးရင် …… ကြိုးစားပေတော့ လို့ပြောခဲ့ပါတယ်။
အောက်ပါစက်ဝိုင်း ၃ခု ဆိုတာ ….
Energy (အားအင်)


ဘဝဟာ နေ့စဉ် အတက်အကျတွေ များလွန်းလှပါတယ်။ လောကဓံရဲ့ရိုက်ပုတ်မှု ဟာနေ့စဉ် နှင့်အမျှ ရှိပြီး ကိုယ့်မှာ အားအင် မရှိရင် သေးသေးမွားမွားပြသနာလေးနဲ့စိတ်ဓတ်ကျတတ်ပါတယ်။ အားအင်လို့ဆိုရာမျာ ကာယ အားအင် နဲ့စိတ်ဓတ်အားအင် နှစ်ခုစလုံးကို ဆိုလိုပါတယ်။
ကာယအားအင် အတွက် နေ့စဉ် အားကစားလုပ်ခြင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းများလုပ်ခြင်း နှင့် စိတ်ဓတ်အားအင်အတွက် ခွန်အားဖြစ်စေသော အရာများဖတ်ခြင်း ၊တွေးတောခြင်း ဖြင့် အကျင့်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။
အားဆေး တစ်လုံးသောက်ပြီး ကျန်းမာချင်လို့မရသလို၊ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ရက်လုပ်ပြီး တစ်သက်ကျန်းမာဖို့မျှော်လင့်ခြင်းသည် ရူးသွပ်မှု တစ်ခုပဲဖြစ်ပါတယ်။ တစ်ရက်အလုပ်ထက် တစ်ပတ်အလုပ်၊ တစ်လအလုပ်၊ တစ်နှစ် အလုပ်၊ တစ်သက် အလုပ် ဖြစ်အောင် အကျင့် လုပ်ဖို့လိုပါတယ်။အဲဒီလို အကျင့်မျိုးကို Ritual (သံဓိဋာန်) လို့ခေါ်ပါတယ်။ အကျင့်ဖြစ်အောင်လုပ်ပါ။ သံဓိဋာန်ချပါ။ နေ့စဉ်လုပ်ပါ။
Family (မိသားစု)


ဘာလုပ်လုပ် မိသားစုသည်သာ ပထမ ဖြစ်သင့်သည်။ မိသားစု အရေးကို အလုပ်ကိစ္စအရေးထက် ရှေ့တန်းတင်ရမည်။ ကိုယ်လုပ်နေသော အလုပ်သည် မိသားစု အတွက် မဟုတ်လျှင် ဘယ်သူ့အတွက်လဲ။ ငွေကြေးအားဖြင့် ကြွယ်ဝသော်လည်း ချမ်းမြေ့သောမိသားစုဘ၀ မရှိလျင် အောင်မြင်သော်လည်း မပြည်စုံသော ဘ၀ ပဲဖြစ်ပါတယ်။
Service (အကျိုးပြု ဝန်ဆောင်မှု)


ပန်းသီးပင်တစ်ပင်စိုက်ဖို့အစေ့တစ်စေ့သာ လိုသည်။ ထိုအပင်မှ ပန်းသီးပေါင်း ရာထောင်ချီပြီးသီးသည်။ တစ်စေ့တည်း ပေးဆပ်ပေမယ့် သဘာဝလောကကြီးသည် တစ်လုံးပဲပြန်မပေး။ ဆပေါင်းများစွာပြန်ပေးသည်။ လူတွေကို ကူညီပါ။ ကိုယ့်ပြုသည်ကံ ပဲ့တင်သံ ကိုယ်ထံပြန်လာမည် ကို ကျွန်တော်တို့အားလုံးတိုင်းသိသည်။ သို့သော် ပြန်လာသောပဲ့တင်သံ သည် တစ်ချက်တည်းမဟုတ်၊ အသံပေါင်းများစွာဖြစ်သည်။
ကောင်းကျိုးပြုပါ။ လူတွေကို ကူညီပါ။
တစ်ရက်ကို လူ ၅ ယောက်ကို ကူညီဖို့ သံဓိဋန်ပြုပါ။
ကိုယ့်ဘက်က စပြီး ပေးဆပ်ပါ။
ကိုယ့်ဘက်က စပြီး မျှဝေပါ။
ကိုယ့်ဘက်ကစပြီး ကူညီပါ။
2019 နှစ်သစ်မှာ…..
ကျွန်တော့်ရဲ့စာဖတ်ပရိသတ်များအားလုံး
ပြောင်းလဲမှု၏ အစကို ကျိုးကုတ်လုံ့လထုတ်တဲ့ နေရာမှာ ဒီ ဆောင်းပေးလေးက အတိုင်းအစ တစ်ခု အထောက့်ပံ့ပြုနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်း ….

မာသင်