စီးပွားရေး ဒိုင်ယာရီ (Dec 21,2018)

marthin
narrative, history, dream

စီးပွားရေး ဒိုင်ယာရီ (Dec 21,2018)


“သင့် အိမ်မက်တွေက သင့်ကိုတောင် လန့်ဖျန့်မသွားစေသေးဘူး ဆိုရင်
အဲဒီ အိမ်မက်က ကြီးကျယ်တဲ့ အိမ်မက် မဟုတ်သေးဘူး။”
အီလန် ဂျွန်ဆင်
“If your Dreams don’t scare you,
they’re not Big enough.”
Ellen Johnson Sirleaf
မာတင်လူသာကင်းမှာ အိမ်မက်တစ်ခုရှိခဲ့ပါတယ်။ တစ်ချိန်မှာ လူဖြူနဲ့လူမည်း ငြိမ်းချမ်းစွာပူးပေါင်းနေထိုင်သွားကြမယ် ဆိုတဲ့အိမ်မက်ပါ။
ဂျွန်ကနေဒီ မှာ အိမ်မက်တစ်ခုရှိခဲ့ပါတယ်။ လူသားတွေဟာတစ်နေ့မှာ လကမ္ဘာကို အရောက်သွားနိုင်ရမယ် ဆိုတဲ့အိမ်မက်ပါ။
ဘီလ်ဂိတ်မှာ အိမ်မက်တစ်ခုရှိခဲ့ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပျူတာ ဆိုတဲ့အရာ ရှိရမယ် ဆိုတဲ့အိမ်မက်ပါ။
မက်ဇူကာဘတ်မှာ အိမ်မက်တစ်ခုရှိခဲ့ပါတယ်။ ကမ္ဘာနဲ့အဝှမ်း ပါဝင်တဲ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရမယ် ဆိုတဲ့အိမ်မက်ပါ။

အိုင်ဖုန်း apple ရဲ့ဖန်တီးရှင် စတိစ်ဂျော့မှာ အိမ်မက်တစ်ခု ရှိခဲ့ပါတယ်။

အမေဇုန် ရဲ့တည်ထောင်သူ ဂျပ်ဘီဆိုစ်မှာ အိမ်မက်တစ်ခု ရှိခဲ့ပါတယ်။

အာလီဘာလာ ကိုမွေးဖွားပေးလိုက်တဲ့ဂျက်မာမှာ အိမ်မက်တစ်ခု ရှိခဲ့ပါတယ်။

သူတို့အားလုံး အိမ်မက်ကို ရဲရဲ မက်ကြပါတယ်။
ကိုယ့်ရဲ့အိမ်မက်ကို လဲ ရဲရဲဖွင့်ပြောပြီး ၊
ရဲရဲ အကောင်အထည် ဖော်ခဲ့ကြပါတယ်။
ကျွန်တော်တို့တွေ ကိုယ့်အိမ်မက်ကို ကိုယ်…”မဖြစ်နိုင်ပါဘူးလေ”လို့တွေးပြီး မေ့ဖြောက်လိုက်ချိန်မှာ အောင်မြင်သူတွေက “ဖြစ်နိုင်သလောက်” အကောင်အထည်ဖော်နေကြပါတယ်။
သင့် ဘ၀ အိမ်မက် က ဘာပါလဲ ?

မာသင်

စီးပွားရေး ဒိုင်ယာရီ