စီးပွားရေး ဒိုင်ယာရီ ( Dec 18,2018)

marthin
surf, water, sea

စီးပွားရေး ဒိုင်ယာရီ ( Dec 18,2018)


ပင်လယ်ပြင်မှာ လှိုင်းတွေရှိသလို၊
ဈေးကွက်မှာလဲ ဈေးကွက်လှိုင်းတွေ ရှိတယ်။
တစ်ချိန်က ခတ်သွားတဲ့လှိုင်းတွေကတော့….
ဆက်သွယ်ရေးဆင်းကဒ် လှိုင်း
ဖုန်း နှင့် အပိုပစ္စည်း လှိုင်း
MP3 နှင့် အခြားပစ္စည်းလှိုင်း
အိမ်ခြံမြေလှိုင်း
လျပ်စစ်ပစ္စည်းလှိုင်း
တရုတ်လူသုံးကုန်ပစ္စည်းလှိုင်း
ဆောက်လုပ်ရေး လှိုင်း
ကျောက်စိမ်းလှိုင်း
ဂျပန်ကား လှိုင်း
တရုတ်ဆိုင်ကယ် လှိုင်း စတဲ့ …
စတဲ့ လှိုင်းတွေ ရိုက်ခတ်သွားကြပါတယ်။
လှိုင်း ဆိုတာ .. အတက် ရှိသလို အကျ ဆိုတာရှိပါတယ်။
အဲဒီ အတက် နဲ့အကျ ကြားကာလပါဝင်ခြင်း ကို လှိုင်းစီးခြင်း လို့ခေါ်ကြပါတယ်။
လှိုင်းကို အတက်မှာ စီးနိုင်ခဲ့ကြသူများက ကံကောင်းသူများ ဖြစ်လာကြတယ်။
လှိုင်းကို အကျ မှာ စီးကြသူများက နောက်ကျသွားမှ ဖုန်းဆိုင်ဖွင့်မိသူများ၊
အိမ်ခြံမြေကို ဈေးကြီးပေးဝယ်မိသူများဖြစ်လာကြတယ်။
လှိုင်းကို မစီးလိုက်မိလိုက်သူများက နှမျှောစွာ တောက်ခေါက်ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ….
လှိုင်းဆိုတာ အမြဲ ရှိပါတယ်။ ထပ်လာဦးမှာပါ။
ကျော်လွန်သွားတဲ့လှိုင်းကို နှမျှောတမ်းတနေမယ့်အစား၊
နောင်လာမယ့် လှိုင်း အတွက် ပြင်ဆင်ထားပါ။
လှိုင်း စီးနိုင်ကြပါစေ။

မာသင်

စီးပွားရေး ဒိုင်ယာရီ

Dec 18,2018
မေးခွန်း


နောက်တိုက်ခတ်လာမယ့် လှိုင်းက ဘာဖြစ်မယ်လို့ထင်ပါသလဲ?
မိတ်ဆွေရဲ့ အမြင် ကို မန့်ခဲ့နိုင်ပါတယ်။