စီးပွားရေး ဒိုင်ယာရီ (Dec 11,2018)

marthin
oranges, citrus fruits, fruit

စီးပွားရေး ဒိုင်ယာရီ (Dec 11,2018)


စမ်းသပ်မှုတစ်ခုမှာ .. လိမ္မော်သီးတွေ အခွံဝါနေတာ ဆိုးဆေးကြောင့်ဖြစ်ပြီး အတွင်း မှည့်ချိုတာကြောင့်မဟုတ်ဘူးဆိုတာ သိကြပေမယ့်၊ လူအများစု (၇၅%သောလူများ) က ဝါဝင်းတဲ့လိမ္မော်သီး ကိုပဲ ရွေးယူလေ့ရှိကြတယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်။
ဒီ ၇၅% သောလူအများစုက ….
အခွံ နဲ့ အရသာ၊
အကြောင်းအရာနှစ်မျိုးမှာ ….
အခွံအရောင် ကိုကြည့်ပြီး အရသာ ကို ဆုံးဖြတ်လိုက်ကြတယ်။
စာအုပ်ကာဗာ နဲ့ စာသား၊
အကြောင်းအရာ နှစ်မျိုးမှာ…
စာအုပ်ကာဗာကို ကြည့်ပြီး စာသားအကြောင်းအရာ ကို ဆုံးဖြတ်လိုက်ကြတယ်။
အလှအပ နဲ့စိတ်ထား၊
အကြောင်းအရာ နှစ်မျိုးမှာ …
လူကြမ်းမျက်နှာနဲ့လူ ကို ကြည့်ပြီး စိတ်ထားကို ဆုံဖြတ်လိုက်ကြတယ်။
ပြင်ပသဏ္ဍန် နဲ့စာရိတ္တ၊
အကြောင်းအရာနှစ်မျိုးမှာ….
ပြင်ပသဏ္ဍန် ကို ကြည့်ပြီး စာရိတ္တ ကို ဆုံးဖြတ်လိုက်ကြတယ်။
ထုတ်ပိုးမှု နဲ့အရည်အသွေး၊
အကြောင်းအရာ နှစ်မျိုးမှာ ….
ထုတ်ပိုးမှု ကို ကြည့်ပြီး အရည်အသွေး ကို ဆုံးဖြတ်လိုက်ကြတယ်။
ဆိုင်ခန်းအပြင်အဆင် နဲ့သက်တောင့်သက်သာဖြစ်မှု
အကြောင်းအရာ နှစ်မျိုးမှာ …
ဆိုင်ခန်းအပြင်အဆင် ကို ကြည့်ပြီး သက်တောင့်သက်သာဖြစ်မှု ကို ဆုံးဖြတ်လိုက်ကြတယ်။
အထက်ပါ ရေးထားတဲ့အကြောင်းအရာ ကို ဖတ်ပြီး…
“ငါ ကတော့ အဲ့လို မဟုတ်ဘူး” ဆိုပြီးငြင်းချင်တယ်ဆိုရင်…
ပြောချင်တာက “ငါ” မဟုတ်ဘူး။ ” ၇၅ ရာခိုင်နုန်း” သောလူများစု။
ကိုယ့် စီးပွားရေး၊
ကိုယ့် ဆိုင်၊
ကိုယ့်ကုန်ပစ္စည်း၊
ကိုယ့်ဝန်ဆောင်မှု…တွေက ” ငါ” တစ်ယောက်တည်းကို ရောင်းတာမဟုတ်ဘူး၊ လူအများစု (၇၅%) ကို ရောင်းတာ ဆိုရင် ……
အဲဒီ လူအများစု လုပ်ကြတာ ကိုတော့ နားလည်ပြီး ရောင်းပေါ့။
အရောင် နဲ့အသွေး၊
အကြောင်းအရာနှစ်မျိုးမှာ..
အရောင်လဲလှစေ၊ အသွေးလဲထက်စေ ဆိုပေမယ့်
ရှေ့ဆုံးက လာတဲ့အရာ ရှေ့ဆုံးပို့ပြီး ရောင်းတတ်ပါစေ။
ဒါမှမဟုတ်….
“ငါ” ဆိုတဲ့ လူနည်းစု ကို ရောင်းတာဆိုရင်……
အရောင်အသွေး နဲ့အသွေးအရောင် ကို ပြောင်းပြန်လုပ်ပါ။
မရောင်းနဲ့ဒါပေမယ့် ဝယ်စေပါ။
ဈေးမတင် နဲ့ ဒါပေမယ့် တန်ဖိုးမြင့်ပါ။
အများကြီးမသုံးနဲ့ဒါပေမယ့် အော်ဂဲနစ် ( Organic) တံဆိပ်လေးတော့ကပ်ပါ။
ဝမ်းသာမစောနဲ့ ဒါပေမယ့် ဂုဏ်ယူစွာဖြင့် မြန်မာပြည်တွင်တွင် လုပ်သည် လို့ရေးပါ။
ပြီးတော့…
“အဆိုးဆုံး” အတွက် ပြင်ဆင်နေရင်း…..
” အကောင်းဆုံး” ကို မျှော်လင့်ထားပါ။

မာသင်