စီးပွားရေးလုပ်ငန်း (၁၅) ခု နှင့် မားကက်တင်း အမြင်

marthin
hand, write, marker

စီးပွားရေးလုပ်ငန်း (၁၅) ခု နှင့် မားကက်တင်း အမြင်

(စီးပွားရေး ဒိုင်ယာရီ)

*********************************************

၁။ ⭐(Amazon)

******

Amazon Book Store မှာ စာအုပ်ပေါင်း ၃၂.၈ သန်းရှိတယ်။

အဲဒီသန်းနဲ့ချီတဲ့ စာအုပ်တွေကို တစ်ဦးတစ်ယောက်ချင်းစီက ခေါင်းစဉ်လေးရိုက်ထဲ့ပြီး အလွယ်တကူရှာနိုင်တယ်။

မာတိကာကို ဖတ်နိုင်တယ်။

စာမြည်းကို ဖတ်နိုင်တယ်။

Amazon ရဲ့လုပ်ငန်းတန်ဖိုးက ၁.၁၈ ထရီလီယံရှိတယ်။

ဘီလီယံအားဖြင့် ထောင်ချီတယ်။

ဒီလို ထရီလီယံ ကုမ္မဏီဖြစ်လာတာ စာအုပ်ပေါင်း ၃၃ သန်းလောက်ရှိလို့မဟုတ်ဘူး။

ရှိလဲ သူထုတ်တဲ့ စာအုပ်တွေမဟုတ်ဘူး။ စာအုပ်တွေက ဈေးကွက်မှာ ရှိပြီးသား။

အဲဒီ ရှိပြီးသားဆိုတဲ့ စာအုပ်တွေကို Customer တစ်ဦးတစ်ယောက်ချင်းစီရဲ့အလိုအတိုင်း အပြန်အလှန် ဆက်သွယ်လုပ်ဆောင်ပေးနိုင်ခြင်း (Interaction) ကြောင့်ဖြစ်ပါတယ်။

၂။ ⭐Google

*****

Google ဆိုတာ သတင်းအချက်အလက်တွေအများကြီးရှိလို့လုပ်ငန်းကြီးလာတာမဟုတ်ဘူး။

ရှိပြီးသားသတင်းအချက်အလက်တွေကို Customer တစ်ဦးတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်အတိုင်း အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ပေးနိုင်ခြင်း (Interaction) ရှိလို့ပဲ။

၃။ ⭐Alibaba

*****

Alibaba ဆိုတာ စီးပွားရေးလုပ်ငန်းတွေအများကြီးရှိလို့လုပ်ငန်းကြီးလာတာမဟုတ်ဘူး။

ရှိပြီးသားလုပ်ငန်းတွေကို အလွယ်တကူ customer တစ်ဦးတစ်ယောက်ချင်းစီရဲ့လိုအပ်ချက်အတိုင်း အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခြင်း (Interaction) ရှိလို့ပဲ။

✔ကျွန်တော့်အမြင်

**************

ကိုယ်မြင်တာလေးကိုယ်ပြောတာပါ။

ထပ်မြင်တာတွေပြောရရင် လုပ်ငန်းတွေအများကြီးပဲ…..စာရှည်မှာစိုးလို့တစ်ခုခြင်းစီမပြောတော့ဘူး။

✔အားလုံးမှာ တူညီနေတဲ့ အချက် တစ်ချက်ရှိတယ်။

၄။⭐ Zillow ဆိုတဲ့အိမ်ခြံမြေ လုပ်ငန်းကို ကြည့်။

၅။⭐Airbnb ဆိုတဲ့ အိမ်ဌား လုပ်ငန်းကို ကြည့်။

၆။⭐Rover ဆိုတဲ့ ခွေးဝန်ဆောင်မှုလုပ်ငန်းကို ကြည့် ။

၇။⭐Instacard ဆိုတဲ့ မီးဖိုချောင်ပစ္စည်းဝယ်ပေးတဲ့လုပ်ငန်းကို ကြည့်။

၈။⭐Grab ဆိုတဲ့ ပို့ဆောင်ရေး လုပ်ငန်းကိုကြည့်။

၉။⭐Uber ဆိုတဲ့ တက္ကစီ လုပ်ငန်းကို ကြည့်။

၁၀။⭐Spotify ဆိုတဲ့ Music ဆိုင်ရာလုပ်ငန်းကို ကြည့်။

၁၁။⭐Udemy ဆိုတဲ့ ပညာရေးလုပ်ငန်းကို ကြည့်။

အာလုံးက Interaction ( တစ်ဦးတစ်ယောက်ခြင်းအလိုအလိုက် အပြန်အလှန်တုံ့ပြန်ဆောင်ရွက်ခြင်း) ကြောင့်ပဲ။

ဒါကြောင့် .…Interaction ဆိုတာ New Marketing ( ခေတ်ပြောင်း မားကက်တင်း) လို့မြင်တယ်။

မယုံရင် .…ဖေ့ဘုတ်မှာ Interaction ဖြုတ်ကြည့်လိုက်။ (ကိုယ်ပြောချင်တာပဲပြောလို့ရမယ်၊သူများနဲ့ အပြန်အလှန်ဆက်သွယ်လို့မရတော့ဘူး ဆိုရင် ) အဲဒါ interaction မဟုတ်တော့ဘူး။ Interruption ပဲဖြစ်သွားမယ်။

၁၂။⭐ ဖေ့ဘုတ်မှာ Interaction အဓိကပဲ။

၁၃။⭐ Instagram မှာ လဲ Interaction အဓိကပဲ။

၁၄။ ⭐Snapchat မှာ လဲ Interaction အဓိကပဲ။

အင်း…..

၁၅။ ⭐လတ်တလော COVID ကြောင့် လပိုင်းအတွင်း ၄၄ ဘီလီယံဖြစ်သွားတဲ့ Zoom ကုမ္မဏီလဲ Interaction အဓိကပဲ။

Live လွင့်ယုံပဲ ဆိုရင် အဲဒီလောက်တန်ကြေးရှိလာမှာမဟုတ်ဘူး။

ဒါကြောင့်…. Interaction ဆိုတာ New Marketing ပဲ။

✔ Interaction နဲ့Interruption ကွာဟချက်

**********************

ကိုယ့်အကြောင်းကိုယ်ပြောတယ်ဆိုတာ ကြော်ငြာတာ။ Interrupt လုပ်တာ။

အနှောက်အယှက်ပေးတာ။

တစ်ဘက်သက်ဆန်တယ်။

တစ်ကိုယ်ကောင်းဆန်တယ်။

အရင်ကလိုမဟုတ်တော့ဘူး၊ ဈေးကွက်မှာ တကိုယ်ကောင်းဆန် ရင် နေရာမရတော့ဘူး။

ကိုယ့်အကြောင်းသူ့အကြောင်းအပြန်အလှန်ဆက်သွယ်ပြောကြဆိုကြလုပ်ကြတယ်ဆိုတာတာ Interaction ။

အပေးအယူမျှတယ်။

သူ့ဘက်ကိုယ့်ဘက်တွေးပေးတယ်။

Win-Win ဖြစ်စေတယ်။

ကိုင်းကျွန်းမှီကျွန်းကိုင်းမှီရှိတယ်။

Interaction ဆိုတာ Reciprocity ပဲ။

Interaction ဆိုတာ လုပ်ငန်းမှာ အင်မတန်မှာ အရေးကြီးတယ်။

ကိုယ့်လုပ်ငန်းမှာ ဘယ်လို ပေါင်းထဲ့မလဲ ဆိုတာ စဉ်းစားပါ။ ။

# မာသင်