စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသူတွေမှာ ယုံကြည်ချက် (၂) မျိုးတွေ့ရတယ်။

marthin
paper, document, business

စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသူတွေမှာ ယုံကြည်ချက် (၂) မျိုးတွေ့ရတယ်။
ယုန် နှင့် လိပ် လိုပေါ့။
အချို့က ဖြေးဖြေးနဲ့မှန်မှန်ပဲ။ တနေ့ချမ်းသာရမယ်။ ဒီ နေ့ပျော်ရွင်စွာလုပ်ဖို့ကအဓိက။
အချိ ု့က ယုန်လိုပေါ့။ မြန်မြန်ချမ်းသာရမယ်။ ဒီနေ့ပင်ပန်းမယ်။အားကုန်စိုက်ထုတ်ရမယ်။
သေချာတာ တစ်ခုက ……
ဘယ်လိုပဲသွားသွား ကျွန်တော်တို့အားလုံး တာထွက်ခဲ့ချိန် မတူခဲ့ဘူး ဆိုတာပါပဲ။
ဒါကြောင့် .. ဘေးကလူကို မကြည့်နဲ့၊ ပြိုင်ဘက်မဟုတ်ဘူး။
ရှေ့ကလူကိုကြည့်ပြီးအားမငယ်နဲ့ ၊ သူ့ပန်းတိုင်နဲ့ကိုယ့်ပန်းတိုင်မတူဘူး။
နောက်ကလူကို အထင်မသေးနဲ့ ၊ သူက တာထွက်နောက်ကျပေမယ့် ကိုယ့်နောက်ရောက်နေပြီ။
ကိုယ့် အနောက်ကိုပဲ ကိုယ်ကြည့်၊
ကိုယ် ဒီလောက်တောင် ခရီးပေါက်ခဲ့ပြီပဲ။
ဂုဏ်ယူလိုက်စမ်းပါဗျာ။

မာသင်