စီးပွားရေးလုပ်ငန်းရဲ့ဘယ်အပိုင်း ကို သင်စိတ်ဝင်စားသလဲ ?

marthin
business man, newspaper, business

စီးပွားရေးလုပ်ငန်းရဲ့ဘယ်အပိုင်း ကို သင်စိတ်ဝင်စားသလဲ ?


စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတယ်ဆိုပေမယ့် လုပ်ငန်းတစ်ခု ရဲ့အပိုင်းကဏ္ဍအားလုံးကို သင်စိတ်မဝင်စားနိုင်ပါဘူး။ အားလုံးကို တော့လုပ်ချင် လုပ်နေရပေမယ့် ကိုယ်စိတ်ဝင်စားတဲ့အရာကိုယ် အသိဆုံးဖြစ်ပါတယ်။ ကိုယ်စိတ်အဝင်စားဆုံးအပိုင်းကို သိခြင်းအားဖြင့် ကိုယ့်ရဲ့အားသာချက်ကို သိနိုင်မှာဖြစ်ပြီး ကိုယ်စိတ်ဝင်စားမှုနည်းသောအပိုင်းများကိုလဲ အလေးထားအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်း ရဲ့ဘယ်အပိုင်း ကို သင်စိတ်ဝင်စားသလဲ။ မန့်ခဲ့ပါ။
၁။ အရောင်းပိုင်း
၂။ ဈေးကွက်ဖော်ဆောင်ရေး အပိုင်း
၃။ ရုံးစာရွက်စာတမ်းများအပိုင်း
၄။ ဝန်ထမ်းရေးရာ အပိုင်း
၅။ လုပ်ငန်းလည်ပတ်မှု အပိုင်း
၆။ စီမံခန့်ခွဲမှု အပိုင်း
ရ။ ဗျူဟာချမှတ်ရေးအပိုင်း
၈။ ဦးဆောင်မှု အပိုင်း
၉။ငွေကြေးစာရင်းကိုင်
၁၀။ ငွေကြေးစီမံခန့်ခွဲဆုံးဖြတ်မှုအပိုင်း
၁၁။ နည်းပညာနှင့် ကွန်ပျူတာအပိုင်း
၁၂။ စက်ပစ္စည်းနှင့် ပြင်ဆင်ထိန်းသိမ်းမှုအပိုင်း
၁၃။ ဂိုဒေါင်အပိုင်း
၁၄။ လုံခြုံရေးအပိုင်း
၁၅။ ယဉ်နှင့်ကားများ စီမံခန့်ခွဲမှုအပိုင်း
၁၆။ စားသုံးသူ ဝန်ဆောင်မှု အပိုင်း
၁ရ။ စားသုံးသူစောကဒ ဖြေရှင်းမှုအပိုင်း
၁၈။ ပြည်သူ့ဆက်ဆံရေးအပိုင်း
၁၉။ လူမှုဝန်းကျင်ထိမ်းသိမ်းမှုအပိုင်း
၂၀။ ကုမ္မဏီဥပဒေရေးရာအပိုင်း
၂၁။ ကုန်ပစ္စည်းသစ်၊ ဝန်ဆောင်မှု၊ လုပ်ငန်းအိုင်ဒီယာ တီထွင်ဖန်တီးမှုအပိုင်း
၂၂။ ဒီဇိုင်းအပိုင်း
၂၃။ သန့်ရှင်းမှုနှင့် လုပ်ငန်းခွင် ကျန်းမာရေးအပိုင်း
၂၄။ ဆောက်လုပ်မှုနှင့် ပြင်ဆင်ထိန်းသိမ်းမှုအပိုင်း
၂၅။ လုပ်ငန်းခွင် အန္တာရာယ်ကာကွယ်မှုနှင့် အာမခံအပိုင်း
၂၆။ ဝယ်ယူရေးအပိုင်း
ကိုယ်စိတ်ဝင်စားတဲ့အပိုင်းက တစ်ခုထက်ပိုနိုင်ပါတယ်။ မန့် သာမန့်ခဲ့ပါ။ ဘာကြောင့်စိတ်ဝင်စားတာလဲ။
အထက်မှာ မပါဝင်တဲ့အပိုင်း များလဲရှိနိုင်ပါတယ်။ မန့်ခဲ့နိုင်ပါတယ်။

မာသင်