...

စီးပွားရေးလား၊ပြိုင်ပွဲလား?

✨စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။

⭐ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။ ပြီးရင်နောက်တစ်ယောက်.. နောက်တစ်ယောက် .. ။

⭐ပြိုင်ပွဲဆိုရင် .. တစ်ယောက်ယောက်နိုင်ရင် ပွဲရပ်သွားတယ်။ စီးပွားရေးဈေးကွက်မှာ သူက ငါ့ကို အခု နိုင်ပေမယ့်.. ပွဲမပြီးသေးဘူး၊ ငါ သူ့ကို ပြန်နိုင်အောင်ကြိုးစားနိုင်သေးတယ်.. ပွဲမပြီးသေးဘူး ကိုယ့်လူ။

⭐ပြိုင်ပွဲဆိုရင်.. ပုံသေသတ်မှတ်ထားတဲ့ ပန်းတိုင်ရှိတယ်။ စီးပွားရေးဈေးကွက်မှာ ပန်းတိုင်က ရွှေ့လျားတိုးတက်နေတယ်။ ဒီနေ့ မှာ ပေါက်ရောက်အောင်မြင်ပေမယ့် နောက်နေ့မှာ ကိုယ်ရောက်တဲ့နေရာက ပန်းတိုင် မဟုတ်တော့ဘူး။

⭐ပြိုင်ပွဲဆိုရင်.. လားရာတစ်ခုတည်းကိုပဲ အကုန်သွားကြတယ်။ စီးပွားရေးဈေးကွက်မှာ သွားတဲ့သူကသွား၊ နောက်ပြန်ဆုတ်တဲ့သူကဆုတ်နေကြတယ်။

⭐ပြိုင်ပွဲဆိုရင် .. တိကျတဲ့ စည်းကမ်းချက်တွေ ရှိတယ်။ စီးပွားရေးဈေးကွက်မှာ စည်းကမ်းတွေက ပြောင်းလဲနေတယ်။ အရင်တုန်းက လုပ်လို့ရတဲ့အရာ၊နည်းလမ်းတွေက ဒီနေ့ မှာ လုပ်လို့မရတော့ဘူး။ အရင်တုန်းက အဲ့လို လုပ်ခဲ့လို့ဒီနေ့ဒီနေရာရောက်လာရင်တောင် .. ဒီအတိုင်းဆက်လုပ်သွားလို့နောက်တစ်နေရာ ရောက်မယ်လို့ပြောလို့မရတော့ဘူး။

ဒါကြောင့် .. ပြိုင်ပွဲ မဟုတ်ပဲ .. ပြိုင်ပွဲ လို့ထင်နေရင် .. သူများကိုယ့်ကို ကျော်တက်သွားတဲ့အခါ ကြေကွဲတာပေါ့။😰

✔အဓိက ပြိုင်ရမှာ က .. သူ့ကို ကျော်ဖို့မဟုတ်သလို၊ နိုင်ဖို့လဲမဟုတ်ဘူး… ပြေးလမ်းပေါ်မှာ ကြာကြာပြေးနိုင်ဖို့ပဲ၊

တနည်းအားဖြင့် ကိုယ့်လုပ်ငန်းသက်ရှည်ဖို့၊ ဈေးကွက်မှာ ရေရှည် ကြာကြာရပ်တည်နိုင်ဖို့ ဆိုတာက ပိုအဓိက ကျတယ်။

ဒါကြောင့် .. ကိုယ့်ကိုယ် ကို မေးခွန်းတစ်ခု ပြန်မေးပါ..

ငါ ပြိုင်ပွဲ ဝင်နေတာလား၊ စီးပွားရေးလုပ်နေတာလား ❓… လို့။ ။

#မာသင်

Related Articles

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကြီးပွားချမ်းသာကြပါစေ

“ကြီးပွား ချမ်းသာ” လို့ ပြောကြတယ်။ စကားလုံးတွေက ရှင်းတယ်။ မကြီး နိုင်၊ မပွားနိုင်ရင် .. မချမ်းသာနိုင်ဘူး။ ကြီး နိုင်ရမယ်ဆိုတာ… လုပ်ငန်းတစ်ခုက ကြီးလာအောင် ဆိုတာ Scalable ဖြစ်အောင်လုပ်နိုင်တာကိုပြောတာ။ ကြီးလာအောင်ဆိုတာ သက်ရောက်မှု (impact) အကြီးအသေးကို ဆိုလိုတာဖြစ်တယ်။ အချို့ လုပ်ငန်းတွေက…

ရိုးရိုးရှင်းရှင်း မားကက်တင်း

⭐ ဖေ့ဘုတ်( facebook) ဖွင့်လိုက်ရင် .. ပိုစ့်တင်တဲ့နေရာ ကွက်လပ်လေးမှာ မေးခွန်းတစ်ခု တွေ့လိမ့်မယ်.. What’s on your mind တဲ့ ။ ဘာတွေတွေးနေလဲ .. ပေါ့။ ⭐တွစ်တာ (Twitter) ဖွင့်လိုက်ရင် … ပိုစ်တင်တဲ့နေရာမှာ မေးခွန်းက …What’s…

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

အနာဂတ်ကိုလောင်းကြေးထပ်ခြင်း

စီးပွားရေးလုပ်ငန်း တိုင်းက အနာဂတ်ပေါ် လောင်းကြေးထပ်တာပါပဲ။ ကိုယ်စတင်လိုက်တဲ့ လုပ်ငန်းတစ်ခု ..အလုပ်ဖြစ်မယ် မဖြစ်ဘူး ဆိုတာ မသေချာပေမယ့် ကိုယ့်မှာ ရှိတဲ့ ငွေကြေးနဲ့အချိန်ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် အလုပ်ထွက်ပြီး အလုပ်အကိုင် တစ်ခု ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် မိသားစု အချိန်တွေ ကို လောင်းကြေးထပ်လိုက်ရတယ်။…

Seraphinite AcceleratorOptimized by Seraphinite Accelerator
Turns on site high speed to be attractive for people and search engines.