စီးပွားချမ်းသာ၊ နည်းနှစ်ဖြာ

marthin
money, dollars, success

စီးပွားချမ်းသာ၊ နည်းနှစ်ဖြာ

လောက၌တွင်၊ ပျားနှင့်ယင်ကို၊ မျက်မြင်ပုံထား၊မောင်ရှူစားလော့၊ပျားကားအုံပြု၊ အရည်စု၍၊ ထားမှူလိမ္မာ၊နောင်ချမ်းသာ၏၊ ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ၊ အုံကာသောက်စား၊ စုမထား၍၊ ရှာငြားမပြတ်၊ မရငတ်၏။
မာဃဒေဝကျမ်း (စာပိုဒ်၂၆၇)

ပျားနှင့်တူသော စီးပွားလုပ်ငန်းရှင်

ပျားကားအုံပြုု၊ အရည်စု၍၊ ထားမှူလိမ္မာ၊ နောင်ချမ်းသာ၏။
အုံပြုသည်က တစ်ကြောင်း
အရည်စုသည်က တစ်ကြောင်း
ကောင်းမွန်စွာထားသည်က တစ်ကြောင်း
လိမ္မာကျွမ်းကျင်သည်က တစ်ကြောင်း
ဤ….အကြောင်းကြောင်းများ ကြောင့်
ပျားတို့သည် ချမ်းသာကြသကဲသို့
မိမိ၏ပိုင်ဆိုင်မှူကို ပျားအုံကဲ့သို့အကန့်ငယ်များခွဲ၍ ရင်းနှီးခြင်း ( Diversification)
ပိုင်ဆိုင်မှုများကို ဖြေးဖြေးနှင့် မှန်မှန်ဝယ်စုခြင်း (Dollar-Cost Averaging )
အတက်အကျ ကိုမလောပဲ ရေရှည်ထားပြီးရင်းနှီးမြုပ်နှံမှူပြုခြင်း (Long-term investment)
ရင်းနှီးမြုပ်နှံ၊ဝယ်ယူခြင်းမပြုမှီ သေချာခွဲခြမ်းလေ့လာခြင်း ( Analysis)
ဤ……အခြင်းအရာများကြောင့်
ပျားနှင့်တူသော စီးပွားရှင် ရင်းနှီးမြုပ်နှံသူများ သည် ကြီးပွားကြလေသည်။

ယင်နှင့်တူသော စီးပါားလုပ်ငန်းရှင်

ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ၊ အုံကာသောက်စား၊ စုမထား၍၊ ရှာငြားမပြတ်၊ မရငတ်၏။
ဝမ်းဝအောင်အကုန်စားပစ်သည်က တစ်ကြောင်း
ယင်တစ်အုန်းအုန်း အများနှင့်လုယက်စားသည်က တစ်ကြောင်း
စုမထားသည်က တစ်ကြောင်း
တရစပ် ရှာဖွေ၊ မနားနေခြင်း သည်က တစ်ကြောင်း
ဤ….အကြောင်းကြောင်းများကြောင့်
ယင်တို့သည် ငတ်ကြဘိသကဲ့သို့
ကိုယ့်တွင်ရှိသမျျတို့ကို အကုန်ပုံအော၊လောင်းကစားဆန်ဆန်စွန့်စားလုပ်ဆောင်ခြင်း ( non-calculated risk taking)
စိတ်ခံစားမှုအလိုက် အနည်းငယ်အတက်အကျရှိလာသည်နှင့် ရောင်းခြင်း၊ ဝယ်ခြင်း (Emotional Trading)
လူအများဝယ်လျင်လိုက်ဝယ်ပြီး၊ လူအများရောင်းလျင် လိုက်ရောင်း၊ အများနောက်လိုက်ပြီး ဝယ်ယူခြင်း၊ရောင်းချခြင်း ( Investor Herding)
ရေတို သာမျှော်မှန်း၍ ရင်းနှီးမြုပ်နှံမှူ ပြုခြင်း (Short-term Investing)
အခြားသူများ ကိုမခိုင်းပဲ မိမိကိုယ်တိုင်အရာအားလုံးလုပ်ကိုင်မှ အောင်မြင်မည်ဟုမြင်ခြင်း ( Illusion of Control)
အောင်မြင်ကြီးပွားဖို့ရာ အရာများစွာကို သိရမည်ဟုထင်ခြင်း (Illusion of Knowledge)
ဤ……အခြင်းအရာများ ကြောင့်
ယင်နှင့်တူသော စီးပွားရှင် ရင်းနှီးမြုပ်နှံသူများသည် ဆုံးရှူံးရလေသည်။

မာဃဒေ၀ မူရင်းစာပုဒ် ကို အောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်။

ယောင်တီးယောင်တောင်၊ လူမှုရှောင်၍၊ သျှောင်တကျောကျော၊ ကိုယ်သန့်ကြောလျှက်၊
လောကီဓမ္မတာ၊ တတ်ပညာနှင့် ၊ ဥစ္စာရှာဖွေ၊ မပြုနေသော်၊ သေအောင်ဒုက္ခ၊ ဆင်းရဲရလိမ့်၊
လောက၌တွင်၊ ပျားနှင့်ယင်ကို၊ မျက်မြင်ပုံထား၊မောင်ရှူစားလော့၊ပျားကားအုံပြု၊ အရည်စု၍၊ ထားမှူလိမ္မာ၊နောင်ချမ်းသာ၏၊ ယင်မှာသော်တုံ၊ ဝမ်းဝရုံမျှ၊ အုံကာသောက်စား၊ စုမထား၍၊ ရှာငြားမပြတ်၊ မရငတ်၏။
မာဃဒေဝကျမ်း (စာပိုဒ် ၂၆၇)
မာဃဒေဝကျမ်းလာအသိပညာကို အများအကျိုးအတွက် ပြန်လည်ဖော်ထုတ်၊ မျှေ၀ ရေးသားတင်ပြခြင်းဖြင့်
ကျမ်းပြုဆရာတော် မန်လည်ဆရာတော်ဘုရားကြီးအား ဤစာပုဒ်ဖြင့်ပူဇော်ပါသည်။

မာသင်