စီးပြားေရး ဒိုင္ယာရီ (Jan 9,2019)

marthin
ball, protect, hands

စီးပွားရေး ဒိုင်ယာရီ (Jan 9,2019)


လူ့ခန္ခာကိုယ်မှာ ထိမိခိုက်မိရင် ကြီးမားတဲ့နစ်နာမှုရှိပြီး၊ နောက်ဆုံး အသက်အန္တရာယ်အထိ ထိခိုက်စေနိုင်တဲ့ သေကွင်းသေကွက် နေရာတွေ ရှိကြပါတယ်။ ဥပမာ.. လည်ပင်းလိုနေရာ၊ မျက်လုံးလိုနေရာ….စတဲ့နေရာ နယ်ပယ်များဖြစ်ကြပါတယ်။
ထိုနည်းတူစွာ…..
စီးပွားရေးလုပ်ငန်းမှာလဲ သေကွင်းသေကွက် နယ်ပယ် (၅) ခု ရှိပါတယ်။
နယ်ပယ်(၁)။ တန်ဖိုးတည်ဆောက်ဖန်တီးမှု နယ်ပယ် ( Value Creation)
နယ်ပယ်(၂)။ ဈေးကွက်ရှာဖွေမှုနယ်ပယ် (Marketing)
နယ်ပယ်(၃)။ အရောင်းနယ်ပယ် (Sale )
နယ်ပယ်(၄)။ တန်ဖိုးဝန်ဆောင်ပေးမှုနယ်ပယ် (Value Delivery)
နယ်ပယ်(၅)။ ငွေကြေးစီမံခန့်ခွဲမှု နယ်ပယ် (Finance)
…တို့ပဲ ဖြစ်ကြပါတယ်။
နယ်ပယ်တစ်ခုစီတိုင်းက မှားယွင်းစွာထိခိုက်မိရင် … ကြီးမားတဲ့နစ်နာမှုရှိပြီး၊ အခန့်မသင့်ရင် စီးပွားရေးလေဖြတ်ပြီး … လှုပ်လို့လဲမရ၊ သေလဲမသေနိုင် ဖြစ်သွားနိုင်တဲ့ နယ်ပယ်များဖြစ်ကြပါတယ်။
ဒါကြောင့် ….
ကိုယ့် စီးပွားရေးလုပ်ငန်းရဲ့အဲဒီ သေကွင်းသေကွက်နယ်ပယ်တွေ ကို နားလည်ကျွမ်းကျင်အောင် …လေ့လာပါ။
ပြီးရင် …..
လေမဖြတ်အောင် …..ကာကွယ်ပါ။

မာသင်