စားသုံးသူတွေ ကိုယ့်စီက ဝယ်ယူရခြင်း အကြောင်းရင်း (၅) ချက်

marthin


၁။ ကြောက်ရွံစိုးရိမ်ခြင်း (Fear)
၂။ လောဘ (Greed)
၃။ ချစ်ခြင်းမေတ္တာ (Love )
၄။ ဂုဏ်မာန (Pride)
၅။ အပြစ်စွဲစိတ် (Guilt)

၁။ ကြောက်ရွံစိုးရိမ်ခြင်း (Fear)
==================


စိုးရိမ်ကြောင့်ကြမှု ဆိုတာ လူတွေကို အများဆုံး ဝယ်ယူမှု ဖြစ်စေတဲ့အရာပါပဲ။
ဆိုရှယ်မီဒီယာတွေ၊အင်တာနက်တွေကြောင့် သတင်းတစ်ခု ဆိုတာ ယနေ့ခေတ်မှာ အင်မတန်မှ ပြန့်နှံ့လွယ်ပါတယ်။
ပစ္စည်းတွေပြတ်လပ်သွားမှာ စိုးလို့ ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုဟာ ဈေးဝယ်စင်တာတွေရှေ့ မှာ သွေးပျက်နေကြတဲ့ လူအုပ်ကြီးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

၂။ လောဘ (Greed)
=============


အလိမ်ခံရတဲ့ ဝယ်ယူမှုတော်တော်များများက လောဘပေါ်မှာ အခြေခံလေ့ရှိပါတယ်။
နောင်တစ်ချိန် ဈေးတက်လာနိုင်တယ်ဆိုတဲ့ အတွေးသေးသေးမွှားမွှားလေးတစ်ခုက ကိုယ့်ကိုတန်ဖိုး ကြီးမားတဲ့ အိမ်ခြံမြေဝယ်ယူမှု တစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး၊ နောင်တစ်ချိန်ဆိုတာ မသေချာမရေရာတဲ့ ဖြစ်နိုင်ချေ အုတ်မြစ်ပေါ်မှာအခြေခံထားတယ်ဆိုတာ သိလိုက်ရချိန်မှာ နောက်ကျသွားခဲ့ပါပြီ။

၃။ ချစ်ခြင်းမေတ္တာ (Love )
===============


ချစ်ခြင်းမေတ္တာ ဆိုတာ သမိုင်းမှာ စစ်ပွဲတွေကိုတောင် ဖြစ်စေနိုင်ခဲ့တာပဲ။
ထရိုဂျန်စစ်ပွဲ၊ ကယ်လီယိုပထရာ၊ ပန်ထွာရှင်မ၊ ရာမနှင့် လက္ခဏာ၊ ဝေဠုဝတီ၊ စုက္ကတေးနှင့် အနော်ရထာ စတဲ့ သမိုင်းကြောင်းတွေက ချစ်ခြင်းမေတ္တာဆိုတာ ကြီးမားတဲ့ တွန်းအားတစ်ခု (သို့) စွမ်းအားတစ်ခု ဆိုတာ သက်သေပဲဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းရဲ့အရောင်းသမားတိုင်းက “စွမ်းအားရှင်” အရောင်းသမားဖြစ်နေဖို့ဆိုတာ ချစ်ခြင်းမေတ္တာကို လက်ကိုင်ထားဖို့လိုပါတယ်။ ဆိုလိုတာက စားသုံးသူကို ချစ်ကြောင်း၊ အကျိုးလိုလာကြောင်းကို ကိုယ်အမူအရာ၊နုတ်အမူအရာ၊နှလုံးအမူအရာအားဖြင့် ပြသနိုင်ရပါမယ်။
ကြော်ငြာတွေလဲ စွမ်းအားရှင်ကြော်ငြာဖြစ်စေဖို့ PR သုံးရပါမယ်။
အမှန်တော့ ကြော်ငြာတွေဆိုတာ တစ်ဘက်သက်ဆန်ပါတယ်။ ကိုယ့်ကောင်းကြောင်းချည့်ပဲပြောခြင်းကို ကြော်ငြာလို့ခေါ်တာလေ။
PR လို့ ခေါ်တဲ့ Public Relations ဆိုတာက နှစ်ဘက်အကျိုးကို ကြည့်ပါတယ်။ Relationship ဆိုတာ နှစ်ဘက်အကျိုးကို ကြည့်ရာကဖြစ်ပေါ်လာတာပါ။ ကြော်ငြာမလား၊ PR မလား စဉ်းစားပါ။

၄။ ဂုဏ်မာန (Pride)
===========


ကုန်ပစ္စည်းတစ်ခု ရဲ့ဂုဏ်ဆိုတာ Branding ဘရန်းဖြစ်ပါတယ်။
ကုန်ပစ္စည်း အရည်အသွေးတူချင်တူပါမယ်၊ ဘရန်းမတူရင် ဂုဏ်မတူပါဘူး။
ဝန်ဆောင်မှုခြင်း တူချင်တူပါမယ်၊ ဘရန်းမတူရင် ဂုဏ်မတူပါဘူး။
အဆုံးမှာ တော့ ကုန်ပစ္စည်းကို ဝယ်ယူခြင်းဆိုတာထက် ဂုဏ်တစ်ခုကို ဝယ်ယူခြင်းဖြစ်ပါလိမ့်မယ်။
သင့်လုပ်ငန်းက ဘယ်လို ဂုဏ်မျိုးပေးသလဲ ဆိုတာကတော့ သင့်ရဲ့ဘရန်း (Brand) ဆုံးဖြတ်ချက်ပဲဖြစ်ပါလိမ့်မယ်။

၅။ အပြစ်စွဲစိတ် (Guilt)
==============


ဈေးဝယ်စင်တာသွားရင်းနဲ့နမူနာကျွေးတာလေးစားမိလို့ကိုယ့်အတွက် မလိုအပ်ပဲ ဝယ်မိတာ ရှိကောင်းရှိပါလိမ့်မယ်။
ဈေးချိုညဈေးတန်းမှာ “ရမလားလို့ဈေးစစ်ကြည့်လိုက်တာ” လျော့ပေးလိုက်တော့ အားနာလို့ဝယ်မိလိုက်တာရှိကောင်းရှိမယ်။
ကိုယ့်မိတ်ဆွေဆိုင်မို့လို့ဝင်ကြည့်တာ အားနာလို့ကိုယ့်အတွက် မလိုအပ်ပဲ ဝယ်ကောင်းဝယ်မိတာရှိချင်ရှိမယ်။
အရင်တစ်ခါ သူလဖက်ရည်တိုက်ထားလို့ဒီတစ်ခါ ကိုယ်ရှင်းဖို့ဖြစ်လာတယ်။
အရင်တစ်ခါ ကိုယ့်မင်္ဂလာဆောင်လာထားလို့ဒီတစ်ခါ သူ့မင်္ဂလာဆောင်ကိုယ်သွားဖို့ဖြစ်လာတယ်။
ကိုယ့်မွေးနေ့ သူ လက်ဆောင်ပေးထားလို့၊ သူ့မွေးနေ့ကိုယ်မပေးရင် အားနာစရာကြီး။
အားနာတယ်ဆိုတာ အပြစ်စွဲစိတ် ကနေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျင်….

စီးပွားရေးလုပ်ငန်းတိုင်း၊ အရောင်းသမားတိုင်း က ဒီ ဝယ်ယူခြင်းဆိုင်ရာ အကြောင်း (၅) ချက်ကို သိဖို့လိုအပ်တယ်။
အကြောင်းသိမှ အကျိုးဖြစ်မယ်။
အကြောင်းကောင်းမှ အကျိုးလှမယ်။
အကြောင်းသိအောင်လုပ်။
အကြောင်းကောင်းအောင်ကျင့်။
အကြောင်းထွားအောင် ပျိုးထောင် ခြင်းအားဖြင့် အကျိုးများ စည်ပင်ဝပြောတိုးတက်လာမှာဖြစ်ပါကြောင်း….
ကျွန်တော် မာသင် မျှဝေအပ်ပါသည်ခင်ဗျာ။ ။

စီးပွားကောင်းရောင်းအားများတက်ကြပါစေ။

#မာသင်
#စီးပွားရေးဒိုင်ယာရီ


Zawgyi:


စားသုံးသူေတြ ကိုယ့္စီက ဝယ္ယူရျခင္း အေၾကာင္းရင္း (၅) ခ်က္

၁။ ေၾကာက္႐ြံစိုးရိမ္ျခင္း (Fear)
၂။ ေလာဘ (Greed)
၃။ ခ်စ္ျခင္းေမတၱာ (Love )
၄။ ဂုဏ္မာန (Pride)
၅။ အျပစ္စြဲစိတ္ (Guilt)

၁။ ေၾကာက္႐ြံစိုးရိမ္ျခင္း (Fear)

စိုးရိမ္ေၾကာင့္ၾကမႈ ဆိုတာ လူေတြကို အမ်ားဆုံး ဝယ္ယူမႈ ျဖစ္ေစတဲ့အရာပါပဲ။
ဆိုရွယ္မီဒီယာေတြ၊အင္တာနက္ေတြေၾကာင့္ သတင္းတစ္ခု ဆိုတာ ယေန႔ေခတ္မွာ အင္မတန္မွ ျပန႔္ႏွံ႔လြယ္ပါတယ္။
ပစၥည္းေတြျပတ္လပ္သြားမွာ စိုးလို႔ ဆိုတဲ့ စိုးရိမ္ေၾကာင့္ၾကမႈဟာ ေဈးဝယ္စင္တာေတြေရွ႕ မွာ ေသြးပ်က္ေနၾကတဲ့ လူအုပ္ႀကီးတစ္ခုကို ဖန္တီးေပးႏိုင္ပါတယ္။

၂။ ေလာဘ (Greed)

အလိမ္ခံရတဲ့ ဝယ္ယူမႈေတာ္ေတာ္မ်ားမ်ားက ေလာဘေပၚမွာ အေျခခံေလ့ရွိပါတယ္။
ေနာင္တစ္ခ်ိန္ ေဈးတက္လာႏိုင္တယ္ဆိုတဲ့ အေတြးေသးေသးမႊားမႊားေလးတစ္ခုက ကိုယ့္ကိုတန္ဖိုး ႀကီးမားတဲ့ အိမ္ၿခံေျမဝယ္ယူမႈ တစ္ခုကို ျဖစ္ေပၚေစႏိုင္ၿပီး၊ ေနာင္တစ္ခ်ိန္ဆိုတာ မေသခ်ာမေရရာတဲ့ ျဖစ္ႏိုင္ေခ် အုတ္ျမစ္ေပၚမွာအေျခခံထားတယ္ဆိုတာ သိလိုက္ရခ်ိန္မွာ ေနာက္က်သြားခဲ့ပါၿပီ။

၃။ ခ်စ္ျခင္းေမတၱာ (Love )

ခ်စ္ျခင္းေမတၱာ ဆိုတာ သမိုင္းမွာ စစ္ပြဲေတြကိုေတာင္ ျဖစ္ေစႏိုင္ခဲ့တာပဲ။
ထ႐ိုဂ်န္စစ္ပြဲ၊ ကယ္လီယိုပထရာ၊ ပန္ထြာရွင္မ၊ ရာမႏွင့္ လကၡဏာ၊ ေဝဠဳဝတီ၊ စုကၠေတးႏွင့္ အေနာ္ရထာ စတဲ့ သမိုင္းေၾကာင္းေတြက ခ်စ္ျခင္းေမတၱာဆိုတာ ႀကီးမားတဲ့ တြန္းအားတစ္ခု (သို႔) စြမ္းအားတစ္ခု ဆိုတာ သက္ေသပဲျဖစ္ပါတယ္။
ကိုယ့္လုပ္ငန္းရဲ႕အေရာင္းသမားတိုင္းက “စြမ္းအားရွင္” အေရာင္းသမားျဖစ္ေနဖို႔ဆိုတာ ခ်စ္ျခင္းေမတၱာကို လက္ကိုင္ထားဖို႔လိုပါတယ္။ ဆိုလိုတာက စားသုံးသူကို ခ်စ္ေၾကာင္း၊ အက်ိဳးလိုလာေၾကာင္းကို ကိုယ္အမူအရာ၊ႏုတ္အမူအရာ၊ႏွလုံးအမူအရာအားျဖင့္ ျပသႏိုင္ရပါမယ္။
ေၾကာ္ျငာေတြလဲ စြမ္းအားရွင္ေၾကာ္ျငာျဖစ္ေစဖို႔ PR သုံးရပါမယ္။
အမွန္ေတာ့ ေၾကာ္ျငာေတြဆိုတာ တစ္ဘက္သက္ဆန္ပါတယ္။ ကိုယ့္ေကာင္းေၾကာင္းခ်ည့္ပဲေျပာျခင္းကို ေၾကာ္ျငာလို႔ေခၚတာေလ။
PR လို႔ ေခၚတဲ့ Public Relations ဆိုတာက ႏွစ္ဘက္အက်ိဳးကို ၾကည့္ပါတယ္။ Relationship ဆိုတာ ႏွစ္ဘက္အက်ိဳးကို ၾကည့္ရာကျဖစ္ေပၚလာတာပါ။ ေၾကာ္ျငာမလား၊ PR မလား စဥ္းစားပါ။

၄။ ဂုဏ္မာန (Pride)

ကုန္ပစၥည္းတစ္ခု ရဲ႕ဂုဏ္ဆိုတာ Branding ဘရန္းျဖစ္ပါတယ္။
ကုန္ပစၥည္း အရည္အေသြးတူခ်င္တူပါမယ္၊ ဘရန္းမတူရင္ ဂုဏ္မတူပါဘူး။
ဝန္ေဆာင္မႈျခင္း တူခ်င္တူပါမယ္၊ ဘရန္းမတူရင္ ဂုဏ္မတူပါဘူး။
အဆုံးမွာ ေတာ့ ကုန္ပစၥည္းကို ဝယ္ယူျခင္းဆိုတာထက္ ဂုဏ္တစ္ခုကို ဝယ္ယူျခင္းျဖစ္ပါလိမ့္မယ္။
သင့္လုပ္ငန္းက ဘယ္လို ဂုဏ္မ်ိဳးေပးသလဲ ဆိုတာကေတာ့ သင့္ရဲ႕ဘရန္း (Brand) ဆုံးျဖတ္ခ်က္ပဲျဖစ္ပါလိမ့္မယ္။

၅။ အျပစ္စြဲစိတ္ (Guilt)

ေဈးဝယ္စင္တာသြားရင္းနဲ႔နမူနာေကြၽးတာေလးစားမိလို႔ကိုယ့္အတြက္ မလိုအပ္ပဲ ဝယ္မိတာ ရွိေကာင္းရွိပါလိမ့္မယ္။
ေဈးခ်ိဳညေဈးတန္းမွာ “ရမလားလို႔ေဈးစစ္ၾကည့္လိုက္တာ” ေလ်ာ့ေပးလိုက္ေတာ့ အားနာလို႔ဝယ္မိလိုက္တာရွိေကာင္းရွိမယ္။
ကိုယ့္မိတ္ေဆြဆိုင္မို႔လို႔ဝင္ၾကည့္တာ အားနာလို႔ကိုယ့္အတြက္ မလိုအပ္ပဲ ဝယ္ေကာင္းဝယ္မိတာရွိခ်င္ရွိမယ္။
အရင္တစ္ခါ သူလဖက္ရည္တိုက္ထားလို႔ဒီတစ္ခါ ကိုယ္ရွင္းဖို႔ျဖစ္လာတယ္။
အရင္တစ္ခါ ကိုယ့္မဂၤလာေဆာင္လာထားလို႔ဒီတစ္ခါ သူ႔မဂၤလာေဆာင္ကိုယ္သြားဖို႔ျဖစ္လာတယ္။
ကိုယ့္ေမြးေန႔ သူ လက္ေဆာင္ေပးထားလို႔၊ သူ႔ေမြးေန႔ကိုယ္မေပးရင္ အားနာစရာႀကီး။
အားနာတယ္ဆိုတာ အျပစ္စြဲစိတ္ ကေန ျဖစ္ေပၚလာတာပဲျဖစ္ပါတယ္။

အခ်ဳပ္အားျဖင့္ဆိုရလ်င္….

စီးပြားေရးလုပ္ငန္းတိုင္း၊ အေရာင္းသမားတိုင္း က ဒီ ဝယ္ယူျခင္းဆိုင္ရာ အေၾကာင္း (၅) ခ်က္ကို သိဖို႔လိုအပ္တယ္။
အေၾကာင္းသိမွ အက်ိဳးျဖစ္မယ္။
အေၾကာင္းေကာင္းမွ အက်ိဳးလွမယ္။
အေၾကာင္းသိေအာင္လုပ္။
အေၾကာင္းေကာင္းေအာင္က်င့္။
အေၾကာင္းထြားေအာင္ ပ်ိဳးေထာင္ ျခင္းအားျဖင့္ အက်ိဳးမ်ား စည္ပင္ဝေျပာတိုးတက္လာမွာျဖစ္ပါေၾကာင္း….
ကြၽန္ေတာ္ မာသင္ မွ်ေဝအပ္ပါသည္ခင္ဗ်ာ။ ။

စီးပြားေကာင္းေရာင္းအားမ်ားတက္ၾကပါေစ။

မာသင္

စီးပြားေရး ဒိုင္ယာရီ