စားသုံးသူစိတ်တိုင်းကျပေါင်းစပ်ပေးခြင်း (Customization )

marthin
customer, map, hand

စားသုံးသူစိတ်တိုင်းကျပေါင်းစပ်ပေးခြင်း (Customization )


ဟိုးကတည်းက ကျွန်တော်တို့မြန်မာနိုင်ငံစားသုံးသူတွေက ………..
☕လက်ဖက်ရည်ကို ကိုယ်စိတ်တိုင်းကျ (ကျဆိမ့်၊ ချိုပေါ့၊ ပုံမှန်စသည်ဖြင့်) Customization လုပ်တဲ့ ဆိုင်တွေမှာ သောက်လာတာ။
🍘ကွမ်းယာကို ကိုယ်စိတ်တိုင်းကျ ( ထိပ်ချွန်၊ အပြင်း၊အချို စသည်ဖြင့်) Customization လုပ်တဲ့ဆိုင်တွေမှာ ဝယ်စားလာတာ။
🍵အခုကော်ဖီဆိုရင်လဲ စိတ်တိုင်းကျ ( အတ်စပက်ဆို၊ လာတေး၊ အမေရိကာနို စသည်ဖြင့်) Customization လုပ်တဲ့ဆိုင်တွေမှာသောက်တာ။
💻နောက်ဆုံး ကွန်ပျူတာတောင် ကိုယ့်စိတ်တိုင်းကျ (Ram ကဘယ်လောက်၊ CPU ကဘယ်လောက်၊ memory ကဘယ်လောက် စသည်ဖြင့်)လိုတာတပ်ဆင်လို့ရအောင် လုပ်လာကြတဲ့ဒီ Customization ခေတ်မှာ ……….
ကိုယ့်စီးပွားရေးကဘာဖြစ်လို့ပုံစံခွက်ကြီး ကိုပဲ ရောင်းနေရမှာလဲ။
စားသုံးသူစိတ်တိုင်းကျ ( Customization)လုပ်ပြီး သင့် ရောင်းကုန်တွေကို ပေါင်းစပ်ပေးကြည့်လိုက်ပါ။ ရောင်းအားတိုးတက်လာမှာပါ။
စေတနာတော့ပါပါစေ။
မာသင်