စစ်သူရဲ နှင့် လူ့ဗာလ

marthin
spartan, army, sun

စစ်သူရဲ နှင့် လူ့ဗာလ


စစ်သူရဲ နှင့် လူ့ဗာလ နှစ်ဦးတွင် ကွာခြားချက်တစ်ခု သာရှိလေသည်။
စစ်သူရဲ က ဖြစ်ပျက်သမျှ ကို စိန်ခေါ်မှုတစ်ရပ် အဖြစ် ရှူမြင်ပြီး အရံှူးမပေးပဲ၊ ရေကုန်ရေခမ်း ကြိုးစားရုန်းကန်ကြသည်။
လူ့ဗာလ တို့ က မှု ဖြစ်သမျှအကြောင်း တို့ကို ကောင်းချီး သို့မဟုတ် ကျိန်စာ ကိုပုံချပြီး ဘဝကို ရေစုံမျှောလေသည်။
လာဟဲ့ လောကဓံ။ ။
ခမောင်းခတ်၊
စိတ်ကတောင်းကြိုက်၊
စိတ်ခေါ်ရင်တိမ်ပေါ်ထိကျော်လို့၊
လူသာသေ၊ စိတ်မှာမကြေဘူး၊
ငါဟဲ့ ..သူရဲ။ ။
သင်..…စစ်သူရဲ လား ၊ လူ့ဗာလ လား။
မှတ်ချက်။ ။ ဘဝအတွက်၊ မိသားစုအတွက် ကြိုးစားရုန်းကန်နေရသူများအားလုံးသို့ ဘဝခွန်အား အနည်းငယ် ရစေရန် အားပေး ရေးသားသည်။

မာသင်