ငွေဆိုတာ ထား တတ်ရင် ပွား တယ်။

marthin
business, money, casting

ငွေဆိုတာ ထား တတ်ရင် ပွား တယ်။
ငွေဆိုတာ ပွားများတတ်ပေမယ့်၊
ပစ္စည်း ဆိုတာ မပွားဘူး။
ဒါကြောင့် ပွားမနေတဲ့ ပစ္စည်းတစ်ခု ကို နောင်လိုအပ်လိမ့်မယ်ဆိုတဲ့ အထင် နဲ့ဝယ်မထားပါနဲ့ ။
လိုအပ်တာ နဲ့လိုချင်တာ မတူဘူး ဆိုတာ သတိရပါ။
ပစ္စည်းတစ်ခု ဝယ်တိုင်း ကိုယ့် ကိုယ်ကို မေးခွန်းတစ်ခု မေးကြည့်ပါ။
လိုအပ်လို့ဝယ်တာလား ၊ လိုချင်လို့ဝယ်တာလား ။
ခံစားချက် ဆိုတဲ့အရာကို ငယ်စဉ်မှာ ဦးစားပေးရင် ..
အသက်ကြီးရင် ခံစားချက် ဆိုတဲ့အရာက ကိုယ့်ကို မခံစားချင်လောက်အောင် ဦးစားပေးခံရလိမ့်မယ်။
ဝယ်ထားတာအများကြီးပဲ။ ကိုယ့်မှာ မလိုအပ်ပဲ ဝယ်ထားမိတာတွေ အများကြီးပဲ ဆိုရင်လဲ ရောင်းပြီး အမြန်ဆုံးငွေဖော်လို့ရမယ့် နည်းလမ်းတွေကို စဉ်းစားပါ။
ပြီးရင် … “ပွား” အောင် “ထား” ပါ။
” ထား” ရင်း …. “ပွား” ပါ။
“ပွား” ရင်း …. “ထား” ပါ။
ငွေ … ဆိုတာ “ရှာ” မှ မဟုတ်ဘူး။
“ပွား” အောင်လုပ်လို့ရတယ် ဆိုတာ လေး သတိရ ပေးပါ။

မာသင်