ငွေကြေး နဲ့အလုပ်ဟာ အချိုးတူ မညီမျှပါဘူး။

marthin
work, freelancer, home work

စီးပွားရေးဒိုင်ယာရီ (Jan 13,2019)


ငွေကြေး နဲ့အလုပ်ဟာ အချိုးတူ မညီမျှပါဘူး။
အလုပ်တအားလုပ်ပေမယ့်၊ ငွေကြေးနည်းနည်းပဲ ရတတ်သလို၊
ငွေကြေးဝင်ပေမယ့်၊ အလုပ်နည်းနည်းပဲ လုပ်ရတဲ့ အခါရှိပါတယ်။
လက်တွေ့ပြပါမယ်။
စာရင်း (၂) ခု စဉ်းစားပြီး ပြုစုပါ။
ကိုယ့်ကိုယ်ကို ၁၅ မိနစ်လောက် အချိန်ပေးပါ။ စာရွက်တစ်ရွက်ယူပါ။ စာမျက်နှာတစ်ဘက်မှာ အောက်ပါ ခေါင်းစဉ်အတိုင်း စဉ်းစားပြီးချရေးပါ။
စာရင်း (၁) ခေါင်းစဉ်။ ။
ကိုယ်လုပ်နိုင်တဲ့ငွေဝင်သောအရာများ
ပြီးရင် ..စာမျက်နှာနောက်တစ်ဘက်မှာ အောက်ပါ ခေါင်းစဉ်အတိုင်းစဉ်းစားပြီးချရေးပါ။
စာရင်း(၂) ခေါင်းစဉ်။ ။
ကိုယ့်ငွေဝင်အောင် လုပ်နိုင်တဲ့အရာများ
ခေါင်းစဉ်တူသလိုဖြစ်ပေမယ့်…ရလဒ်တွေက သင့်ငွေဝင်ရလမ်းကြောင်းကို ပြောင်းလဲသွားစေပါလိမ့်မယ်။
စာရင်းအောက်က ထွက်လာတဲ့နည်းလမ်းတွေကို ပြန်ကြည့်ပြီး ဆန်းစစ်လိုက်ရင် ကိုယ်ငွေဝင်ချင်လို့လုပ်ပေမယ့် ငွေသိပ်မဝင်ပဲ အချိန်သာကုန်၊လူသာပန်းဖြစ်နေတဲ့အရာတွေကို တွေ့လာရမှာဖြစ်သလို၊
အချို့သောအရာတွေကငွေဝင်ဖို့အတွက် စမ်းသပ်လုပ်ကြည့်သင့်တဲ့အရာတွေရှိကြောင်းတွေ့လာရမှာဖြစ်ပါတယ်။
အလုပ်ကို စွတ်မကြိုးစားပါနဲ့။
လမ်းမမှန်ရင် ..အားကုန်ပြေးလဲ ပန်းတိုင် ရောက်မှာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ခဏ အချိန်ပေးပါ။
အဖြေ က ကိုယ့် ထဲမှာပဲရှိပါတယ်။
ကိုယ့်ကိုယ်ကို ၁၅ မိနစ်လောက်အချိန်ပေးပြီးချရေးကြည့်ပါ။
လုပ်ကြည့်ပါ။
ဘ၀ အတွက် အရေးကြီးတဲ့ လမ်းတစ်ခုကို တွေ့ပါလိမ့်မယ်။
လမ်းတွေ့ပြီး ဆိုရင်တော့….
အားကုန်ပြေးပေတော့ဗျာ။