ဂုဏ်ယူခွင့် တွေ ပေးပါ။

marthin
independent woman, confident, woman

ဂုဏ်ယူခွင့် တွေ ပေးပါ။

ဝန်ထမ်းတွေ ကို အခွင့်အရေးတွေအစား ဂုဏ်ယူစရာတွေ ပေးပါ။
“ငါဒီကုမ္မဏီမှာ လုပ်တာကွ” လို့ဂုဏ်ယူစွာ ပြောနိုင်အောင် သင့်ဝန်ထမ်းတွေကို ဂုဏ်ယူစရာများများ ပေးအပ်ပါ။
✔️ကုမ္မဏီမှ အများအကျိုးပြု လမ်းတွင် အမှိုက်စုပေါင်းကောက်ကြသည်လား။ ဝန်ထမ်းတွေကို ဂုဏ်ယူခွင့်ပေးလိုက်ပါ။
✔️ဘိုးဘွားရိပ်သာတွင် ကုသိုလ်ဖြစ် ဘိုးဘွားများကို သန့်ရှင်းရေးလုပ်ပေးကြသည်လား။
သင့်ဝန်ထမ်းများ ကို ဂုဏ်ယူခွင့် ပေးလိုက်ပါ။
✔️အလှူအတန်းလုပ်သည်လား။
ဂုဏ်ယူခွင့် ပေးလိုက်ပါ။
✔️အောင်မြင်မှု တစ်ခုရသည်လား။
ဂုဏ်ယူခွင့်ပေးလိုက်ပါ။
သင် ဂုဏ်ယူခွင့် ပေးသော ဝန်ထမ်းများအတွက် သင် ဂုဏ် ပြန်ရပါလိမ့်မယ်။
ဒါပေမယ့် သင် အရင်ပေးဆပ် ပါ။

မာသင်