ခြေရာ (သို့) သမိုင်းအမွေ

marthin

ခြေရာ (သို့) သမိုင်းအမွေ


လူတိုင်းအတွက် အရေးကြီးတဲ့စကားလုံး ၂ လုံးရှိပါတယ်။
Legacy
Currency
ဆိုတဲ့စကားလုံး ၂ လုံးပဲဖြစ်ပါတယ်။
အချို့လူတွေက ငွေကြေးဆိုတဲ့(Currency) နောက်လိုက်ပြီး ဘ၀ နေဝင်ချိန်ကို ကုန်ဆုံးကြတယ်။
အချို့တွေက ခြေရာ (သို့) သမိုင်းအမွေ ဆိုတဲ့( Legacy) တစ်ခုကျန်ခဲ့ဖို့ကြိုးစားပြီး ဘဝနေဝင်ချိန်ကို ဖြတ်သန်းကြတယ်။
အဲဒီ လူ နှစ်မျိုးမှာ ကိုယ်က ဘယ်သူလဲ ?
Currency နောက်လိုက်နေသူလား။
Legacy နောက်လိုက်နေသူလား။
သင်ဘယ်သူပဲဖြစ်ဖြစ်.…. သေချာတာတစ်ခုကတော့၊
Legacy ချန်ခဲ့ဖို့ကြိုးစားသူတစ်ယောက်အတွက် Currency ဆိုတာ နောက်က လိုက်လာစမြဲ ပါပဲ။
ဒါကြောင့် .…
Currency အတွက် အလုပ်မလုပ်ပဲ Legacy အတွက် အလုပ်လုပ်ပါ။
Currency အတွက် အလုပ်လုပ်နေရသည့်တိုင်အောင် Legacy ချန်ခဲ့နိုင်အောင်ကြိုးစားပါ။
Currency အတွက် စီးပွားလုပ်ငန်းထူထောင်လုပ်ကိုင်နေရသည့်တိုင်အောင် Legacy ချန်ခဲ့နိုင်အောင်ကြိုးစားပါ။
Currency အတွက် ကိုယ့် ဖောက်သည်တွေကို ဆက်ဆံနေရသည့် တိုင်အောင် Legacy ချန်ခဲ့နိုင်အောင်ကြိုးစားပါ။
Currency အတွက် ကိုယ့်ဝန်ထမ်းတွေကို တွန်းအားပေးဆက်ဆံနေရသည့် တိုင်အောင် Legacy ချန်ခဲ့နိုင်အောင်ကြိုးစားပါ။
Currency အတွက် လူတွေကို ပြုံးပြနေရသည့်တိုင်အောင် Legacy ချန့်ခဲ့နိုင်အောင်ကြိုးစားပါ။
Currency အတွက်လုပ်တဲ့သူက တစ်ခါစားငွေကြေးအကျိုးအမြတ်ကို အာရုံထားနေချိန်မှာ Legacy အတွက်လုပ်တဲ့သူက ရေရှည်နာမည်တစ်လုံး၊ အရည်အသွေးတစ်ရပ် ကို အာရုံထားပါတယ်။
Currency အတွက်လုပ်နေတဲ့လုပ်ငန်း က လုပ်ငန်းအရံှုးအမြတ်ကို အာရုံထားပေမယ့်
Legacy အတွက်လုပ်တဲ့လုပ်ငန်းက ဖောက်သည်တွေအတွက် အဆင်ပြေမှု၊ အကောင်းဆုံးနှင့် တစ်ခုတည်းသော ဝန်ဆောင်မှုဖြစ်ဖို့ကြိုးစားပါတယ်။
Currency သည် အရေအတွက် ဖြစ်ပြီး
Legacy သည် အရည်အသွေး ဖြစ်ပါတယ်။
Currency သည် ထိတွေ့ကိုင်တွယ်လို့ရတဲ့ရုပ်ဝတ္ထုပစ္စည်းဖြစ်ပြီး၊
Legacy သည် ထိတွေ့လို့မရတဲ့နာမ်ပစ္စည်းဖြစ်ပါတယ်။
Currency သည် မျက်နှာပေါ်က ဟန်ဆောင်ပြုံးဖြစ်ပြီး၊
Legacy သည် နှလုံးသားက ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။
မျက်နှာပေါ်ဟန်ဆောင်ပြုံးတစ်ခုရှိယုံနဲ့နှလုံးသားကချစ်ခြင်းမေတ္တာရှိတယ်ဆိုတာ
မသေချာပေမယ့် ….
သေချာတာကတော့ ..
နှလုံးသားကချစ်ခြင်းမေတ္တာရှိရင် မျက်နှာပေါ်က စစ်မှန်တဲ့အပြုံးလေးတစ်ပွင့်ဟာ အလိုလိုပေါ်လာပါတယ်။
ဒါကြောင့် …
Legacy နောက်လိုက်ပါ၊
Currency က နောက်က လိုက်လာပါလိမ့်မယ်။

မာသင်