...

ကြီးပွားချမ်းသာကြပါစေ

“ကြီးပွား ချမ်းသာ” လို့ ပြောကြတယ်။

စကားလုံးတွေက ရှင်းတယ်။

မကြီး နိုင်၊ မပွားနိုင်ရင် .. မချမ်းသာနိုင်ဘူး။

✨

💠ကြီး နိုင်ရမယ်ဆိုတာ…

လုပ်ငန်းတစ်ခုက ကြီးလာအောင် ဆိုတာ Scalable ဖြစ်အောင်လုပ်နိုင်တာကိုပြောတာ။ ကြီးလာအောင်ဆိုတာ သက်ရောက်မှု (impact) အကြီးအသေးကို ဆိုလိုတာဖြစ်တယ်။ အချို့ လုပ်ငန်းတွေက တစ်နာရီ ကို လူ တစ်ယောက်ကိုပဲ အကျိုးသက်ရောက်နိင်ပေမယ့် အချို့လုပ်ငန်းတွေက တစ်နာရီအတွင်း လူထောင်ပေါင်းများစွာကို အကျိုးသက်ရောက်မှုရှိနိုင်တယ်။

🚩အချို့တွေက လုပ်ငန်းကြီးခြင်း ကို အမြင်မှားနေကြတယ်။

🔶လုပ်ငန်းမှာဝန်ထမ်းတွေများလာလို့ ကြီးလာတာမဟုတ်ဘူး။

အချို့လုပ်ငန်းတွေက ဝန်ထမ်းများပေမယ့် မကြီးတဲ့အပြင်ငယ်သွားတယ်။

🔶လုပ်ငန်းက လူသိများပြီးနာမည်ရှိလာလို့ မဟုတ်ဘူး။

အချို့တွေက နာမည်ကြီး ထမင်းငတ်။

🔶လုပ်ငန်းမှာ ဝင်ငွေကြီးလာလို့လဲ မဟုတ်ဘူး။

အချို့တွေက ဝင်ငွေကြီး အမြတ်နည်း။

🔶လုပ်ငန်း အဆောက်အဦး ကြီးလာလို့လဲ မဟုတ်ဘူး။

အဆောက်အဦးကြီးလေလေ ကျားကြီးခြေရာကြီး ကုန်ကျစားပိုလေလေ။

အမှန်တော့လုပ်ငန်းတစ်ခုရဲ့ ကြီးခြင်း ကို သက်ရောက်မှု (impact) နဲ့တိုင်းတာတယ်။ လူဦးရေတစ်သန်းကို ဝန်ဆောင်သက်ရောက်မှု ပေးနိုင်တဲ့လုပ်ငန်းနဲ့ လူဦးရေဆယ်ယောက်လောက်ကို ဝန်ဆောင်သက်ရောက်မှုပေးနိုင်တဲ့လုပ်ငန်း နှစ်ခု ကွာတယ်။

ဒါကြောင့် .. ကိုယ့်လုပ်ငန်းရဲ့ ကြီးမား ခြင်းကို အရွယ်အစားနဲ့ မတိုင်းတာပဲ .. လူဘယ်နှစ်ယောက်ကို 💖ကောင်းကျိုးသက်ရောက်မှု💖 ရှိစေသလဲ ဆိုတဲ့ အမြင်နဲ့ပဲ တိုင်းတာပါ။

💠ပွား နိုင်ရမယ် ဆိုတာ..

တစ်ခါလုပ် တစ်လုပ်စား .. ဆိုရင်..

မလုပ်နိုင်တဲ့အခါ စားရဖို့ မလွယ်ဘူး။

တစ်ခါလုပ် ကြိမ်ခါစား ဖြစ်ဖို့ .. .. ပွားနိုင်ရမယ်။

သရက်ပင်တစ်ပင်လိုပေါ့ ၊ တစ်ခါစိုက် တစ်သက်စား ပွားနိုင်ရမယ်။

🔰လုပ်ငန်းတစ်ခုအတွက် ပွားခြင်း ဆိုတာ ..

✔ တစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်ခုတည်း ကို အားမကိုးဘူး။

✔ ကောင်းမွန်တဲ့ ဝန်ထမ်းကို ပွားထားနိင်ရမယ်။

တစ်ယောက်ကိုပဲအားမကိုးနဲ့။

✔ ကောင်းမွန်တဲ့ဖောက်သည်ကို ပွားထားနိုင်ရမယ်။

တစ်ယောက်ကိုပဲအားမကိုးနဲ့။

✔ ကောင်းမွန်တဲ့ဝင်ငွေရှာပေးနိုင်တဲ့ ထုတ်ကုန် ကိုပွားထားနိုင်ရမယ်။

တစ်ခု ကိုပဲ အားမကိုးနဲ့။

✔ ငွေဝင်လမ်းကြောင်းကိုလဲ ပွားထားနိုင်ရမယ်။

တစ်ခုကိုပဲ အားမကိုးနဲ့။

✔ ရှိနေတဲ့ငွေလေးတောင် ပွားအောင်မလုပ်နိုင်ရင် ငွေကြေးဖောင်းပွမှုကြောင့်ကျုံ့သွားတယ်။

✔ ပွားရင် ပွား ၊ မပွားရင် ကျူံ့ပဲ၊ ကြားထဲမှာ ဘာမှ မရှိဘူး။

အမှန်တော့ ..

✨

“ကြီးပွား ချမ်းသာ မဟုတ်ဘူး။

ချမ်းသာ ဖို့ အတွက် ကြီး၊ ပွား .. ဖြစ်ရမှာ။”

✨

ဒါကြောင့် .. စာဖတ်သူများအတွက် ကျွန်တော်မာသင် အတွေးလေးတစ်ခု မျှဝေရင်း ဆုမွန်ဆန္ဒပြုလိုက်ပါတယ်

ကြီး .. ရင်း၊ ပွား.. ရင်း

ချမ်းသာ ကြီးပွား လို့ .. ကြီးပွား ချမ်းသာ ကြပါစေဗျား။ ။

⭐

မာသင်

စီးပွားရေးအကြံပေး

Related Articles

တန်ဖိုးကြီးသောအရာများ

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။ ၁။ ပျော်ရွင်ခြင်း ၂။ ကျန်းမာခြင်း ၃။ မိသားစု ၄။ လွတ်လပ်ခြင်း ၅။ မိတ်ဆွေရှိခြင်း ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

အနာဂတ်ကိုလောင်းကြေးထပ်ခြင်း

စီးပွားရေးလုပ်ငန်း တိုင်းက အနာဂတ်ပေါ် လောင်းကြေးထပ်တာပါပဲ။ ကိုယ်စတင်လိုက်တဲ့ လုပ်ငန်းတစ်ခု ..အလုပ်ဖြစ်မယ် မဖြစ်ဘူး ဆိုတာ မသေချာပေမယ့် ကိုယ့်မှာ ရှိတဲ့ ငွေကြေးနဲ့အချိန်ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် အလုပ်ထွက်ပြီး အလုပ်အကိုင် တစ်ခု ကို လောင်းကြေးထပ်လိုက်ရတယ်။ လူအချို့အတွက် မိသားစု အချိန်တွေ ကို လောင်းကြေးထပ်လိုက်ရတယ်။…

စီးပွားရေးလား၊ပြိုင်ပွဲလား?

စီးပွားရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး။ A ကနေ B ဘယ်သူအရင်ရောက်အောင်ပြေးနိုင်သလဲ ဆိုတာထက်.. ပြေးလမ်းပေါ်မှာ ဘယ်လောက်ကြာကြာပြေးနိုင်သလဲ ဆိုတာ ပိုအရေးကြီးတယ်။ ပြိုင်ပွဲ ဆိုရင် .. ပွဲချိန်ပြီးသွားရင် ပွဲရပ်သွားတယ်၊ ဆက်ပြိုင်ချင်လို့မရတော့ဘူး။ စီးပွားရေး ဈေးကွက်မှာ ပွဲချိန်ဆိုတာ မရှိဘူး.. ပွဲတွေဆက်နေတယ်၊ ကိုယ်မရှိရင်နောက်တစ်ယောက် ပွဲထဲကို ဆက်ဝင်လာတယ်။…

စီးပွားရေးအခွင့်အလှမ်းသစ်

“ပြသနာတစ်ခုရဲ့ အဖြေတိုင်း က နောက်ထပ် ပြသနာတစ်ခုကိုဖြစ်ပေါ်စေတယ်” .. ဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာလေးတစ်ခု ဖတ်မိပါတယ်။ နည်းပညာ၏သဘောသဘာ၀ ( The Nature of Technology) ဆိုတဲ့ စာတမ်းထဲက အတွေးအခေါ်ယူဆချက်တစ်ခုပါ။ “Every technology creates a new problem…

Seraphinite AcceleratorOptimized by Seraphinite Accelerator
Turns on site high speed to be attractive for people and search engines.