ကျွန်တော်တို့ ဘ၀ မှာ လုပ်မိတဲ့ မှားယွင်းမှု (၂) မျိုး ရှိပါတယ်။

marthin
mistake, choice, street

ကျွန်တော်တို့ ဘ၀ မှာ လုပ်မိတဲ့ မှားယွင်းမှု (၂) မျိုး ရှိပါတယ်။
(၁) မသိလို့မှားသွားတာ နဲ့
(၂) သိရဲ့သားနဲ့ ဂရုမစိုက်မိလို့မှားတာ။
အဲဒီ အမှားနှစ်မျိုး မှာ လူအများပိုလုပ်မိကြတဲ့ အမှားက ( သိရဲ့သားနဲ့) ဆိုတဲ့အရာက များမယ်ထင်ပါတယ်။
မသိလို့မှားခြင်းကို နောင်ခါမှာထပ်မမှားရအောင် သင်ခန်းစာယူ၊ သိအောင်လေ့လာ၊ သင်ယူ ပြီး နောက်ခါမမှားရအောင်လုပ်လို့ရပေမယ့် …
သိရဲ့သားနဲ့ဂရုမစိုက်မိလို့ မှားတာ (ပေါ့ဆမှု) ကို မဖြစ်ရလေအောင်လုပ်ဖို့ဘယ်လိုနည်းလမ်းတွေရှိလဲ သိဖို့လိုပါတယ်။
တော်တော်များများက ပထမအမှားကို ပဲ အာရုံစိုက်ကြပါတယ်။
ဒုတိယ အမှားကိုလဲ အာရုံစိုက် ဖို့တိုက်တွန်းလိုက်ရပါတယ်ဗျာ။
ကဲ… သိရဲ့သားနဲ့မှားတဲ့အမှား ကို နည်းအောင်ဘယ်လိုလုပ်ကြမလဲဗျာ။
ဒီမေးခွန်း ကို အားလုံး ဝိုင်းဖြေပေးကြရအောင်ခင်ဗျာ။
ကိုယ်လဲ ကိုယ့်လက်တွေ့ကျင့်သုံးနေတဲ့ နည်းလမ်းတွေကို မျှဝေမယ်။ ပြီးတော့ သူများတွေ ကျင့်သုံးနေတဲ့ နည်းလမ်းလေးတွေကိုလဲ လေ့လာကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့မေးပါတယ်။
ကဲ.… မန့်ခဲ့ရအောင်ခင်ဗျာ။
ဘယ်လိုလုပ်ရင်ကောင်းမလဲ ?

မာသင်