ကျွန်တော်တို့ရောင်းနေတာ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုပဲမဟုတ်ဘူး။

marthin
stalls, food truck, moving sale

ကျွန်တော်တို့ရောင်းနေတာ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုပဲမဟုတ်ဘူး။
အမှန်တကယ်ရောင်းနေတာက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု နောက်ကွယ်က ခံစားချက် နဲ့အိုင်ဒီယာ ဖြစ်တယ်။
လုပ်ငန်းရှင်ဘက်က တွေးတာကကိုယ့် ကုန်ပစ္စည်းနဲ့ကိုယ့်ဝန်ဆောင်မှု။
ဝယ်ယူသူဘက်က အလေးထားတာက ခံစားချက် နဲ့အိုင်ဒီယာ။
ဒီ အရာနှစ်ခု ကွဲနေသ၍ .. ကုန်ပစ္စည်းက ထင်သလောက်ပေါက်မှာမဟုတ်သလို၊ စားသုံးသူတွေကလဲ အလေးထားဝယ်ယူမှာမဟုတ်ဘူး။
စီးပွားရေးလုပ်ငန်းမှာ .. ကိုယ့်ကုန်ပစ္စည်း၊ ကိုယ့်ဆိုင်၊ ကိုယ့်ဝန်ဆောင်မှု ကို ရေရွတ်လိုက်တိုင်းမှာ
စားသုံးသူတွေရဲ့စိတ်ထဲမှာ ဘယ်လို ခံစားချက်မျိုး ပေါ်လာသလဲ၊
ကုန်ပစ္စည်း နောက်ကွယ်က အိုင်ဒီယာ က ဘာလဲ ဆိုတာ သိနားလည်ရမယ်။
Fedex လို့ဆိုရင် …
ယုံကြည်စိတ်ချခြင်း ဆိုတဲ့ ခံစားချက် နဲ့မြန်ဆန်ခြင်း ဆိုတဲ့ အိုင်ဒီယာ
Harley-Davidson ဆိုရင် ..
လွတ်လပ်ခြင်း ဆိုတဲ့ ခံစားချက် နဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းလေးတစ်ခု ဆိုတဲ့အိုင်ဒီယာ
Zappos ဆိုရင် …
ပျော်ရွင်မှု ဆိုတဲ့ခံစားချက် နဲ့ အစုံလင်ဆုံး ဆိုတဲ့အိုင်ဒီယာ
Amazon ဆိုရင် ..
ဈေးသက်သာဆုံးဆိုတဲ့ ခံစားချက် နဲ့အစုံလင်ဆုံးစာအုပ်ဆိုင် ဆိုတဲ့ အိုင်ဒီယာ

မေးခွန်းအရင်ဖြေပါ။ ပြီးမှ ..ရောင်းပါ။

ကိုယ့် ဆိုင်၊ ကိုယ့်ကုန်ပစ္စည်း၊ ကိုယ့်ဝန်ဆောင်မှု ရဲ့နောက်ကွယ်က …
ခံစားမှု နဲ့အိုင်ဒီယာ က ဘာလဲ ?
ရှာဖွေပါ။
သတ်မှတ်ပါ။
ကြော်ငြာပါ။
စွဲထင်စေပါ။
အစွန်းရောက်တဲ့ခံစားမှု ကို ပေးပါ။
အများနဲ့မတူတဲ့အိုင်ဒီယာ ကို ချပြပါ။
ပြီးမှ ….
ရောင်းပါ။