ကျွန်တော်တို့ဘဝမှာ အောင်မြင်သူအချို့ရဲ့စာသားတွေက အတိုင်းအတာတစ်ခုထိလွမ်းမိုးမှု ရှိကြပါတယ်။

marthin
loveourplanet, earth, peaceful

ကျွန်တော်တို့ဘဝမှာ အောင်မြင်သူအချို့ရဲ့စာသားတွေက အတိုင်းအတာတစ်ခုထိလွမ်းမိုးမှု ရှိကြပါတယ်။
လုပ်ငန်းလုပ်ကိုင်သူတိုင်းမှာ သူတို့ ကြိုက်တဲ့၊ စွဲမြဲမှတ်ခဲ့ကြတဲ့ စာသားရှိကြတယ်ဆိုတာ မငြင်းနိုင်ပါဘူး။
စီးပွားရေးလုပ်ငန်းနဲ့ပတ်သတ်ပြီး ကျွန်တော် ကြိုက်တဲ့ စာသား တစ်ခု ကို ပြောချင်ပါတယ်။
We don’t make movies to make money, we make money to make more movies.
Walt Disney
ဆင်းရဲတဲ့ ကာတွန်းဆရာဘဝကနေ၊ ဖန်တီးမှုတွေ အများကြီးနဲ့အောင်မြင်ခဲ့တဲ့ ဒစ်စနေးက
” ကျွန်တော်တို့ ကာတွန်းကားတွေကို ငွေကြေးရဖို့အတွက် ထုတ်လုပ်တာမဟုတ်ပါဘူး၊
ဒါပေမယ့် ကာတွန်းကားအများကြီးထုတ်ဖို့အတွက် ငွေကြေးတွေ ရနေပါတယ်။ ” တဲ့။
ကာတွန်းကားက ကျွန်တော်နဲ့မဆိုင်ပါဘူး။ ဒါပေမယ့်ကျွန်တော်နဲ့ဆိုင်တဲ့အချက် ၃ ချက်ရှိပါတယ်။
၁။ ကာတွန်းကား ဆိုတဲ့စာသားအစားကို ဖန်တီးမှုတစ်ခု ဆိုတဲ့စာသားနဲ့အစားထိုး မြင်ပါတယ်။
၂။ ငွေကြေးကို အာရုံမစိုက်ပဲ ကိုယ့်ဖန်တီးမှုကို အာရုံစိုက် ဆိုတဲ့စကားဖြစ်ပါတယ်။
၃။ Result ရလဒ် နဲ့Process လုပ်ငန်းစဉ် ။ မှာ Process လုပ်ငန်းစဉ်ကို အာရုံစိုက် ရင် ရလဒ်ကောင်းလာလိမ့်မယ် .. … လို့မြင်ပါတယ်။
အောင်မြင်သူတွေရဲ့စာသားကို ပြန်ပြင်ရေးပြီး ကိုယ့်ဘဝထဲဆွဲသွင်းတာဟာ သိပ်ပြီး အဓိပ္ပါယ် ရှိပါတယ်။
မိတ်ဆွေ လဲ ရေးကြည့်ပါ။
ကိုယ့်လုပ်ငန်းကို “ကာတွန်းကား” ဆိုတဲ့နေရာမှာ အစားထိုးပြီးလိုသလို ပြန်ပြင်ရေးကြည့်ပါ။ ကိုယ့်အတွက် အဓိပ္ပါယ်တစ်ခု ရှိသည်ထိပြုပြင်ရေးကြည့်ပါ။ ရေးထားတာကို ဖတ်ကြည့်ပါ။
ပြီးရင် …..အားလုံးသိအောင်မန့်ခဲ့ပါ။ ကိုယ့်အမြင်ကိုလဲ မန့်နိုင်ပါတယ်။

မာသင်