ကိုယ့်လုပ်ငန်း ကို တန်ဖိုးသင့်ခြင်း

marthin
euro, bill, currency

“စီးပွားရေးငွေကြေး”မှတ်စုတိုလေးများ (၃)

ကိုယ့်လုပ်ငန်း ကို တန်ဖိုးသင့်ခြင်း


ကိုယ့်လုပ်ငန်းကို ရှယ်ယာရှင်တွေ ခေါ်တဲ့အခါ …..တန်ဖိုးသင့် ဖို့လိုပါမယ်။
ကိုယ့်လုပ်ငန်းကို ရောင်းချဖို့ပြင်ဆင်တဲ့အခါ …..တန်ဖိုးသင့် ဖို့လိုပါမယ်။
ကိုယ့်လုပ်ငန်းနဲ့အခြားလုပ်ငန်း ပူးပေါင်းဖို့ပြင်တဲ့အခါ …. တန်ဖိုးသင့်ဖို့လိုပါမယ်။
ကိုယ့်လုပ်ငန်းနဲ့အကျိုးတူပူးပေါင်း လုပ်ကြတဲ့အခါ ….တန်ဖိုးသင့်ဖို့လိုပါမယ်။
ဘာမှ မလုပ်ရင်တောင် ..ကိုယ်လုပ်နေတဲ့လုပ်ငန်း တန်ကြေးဘယ်လောက်ရှိတယ်ဆိုတာသိဖို့ တန်ဖိုးသင့် ရပါမယ်။
တန်ဖိုးသင့်ခြင်း ဆိုတာ ..ကိုယ့်လုပ်ငန်း ဘယ်လောက်တန်ကြေးရှိတယ်ဆိုတာ ကို တန်ဖိုးဖြတ်ခြင်း ပါပဲ။
👉ဘယ်လောက်ထုတ်သုံးပြီး ဆိုတဲ့ကုန်ကျစားရိတ်မဟုတ်ပါဘူး။
စီးပွားရေးလုပ်ငန်း တစ်ခု ကို တန်ဖိုးသင့်တာက ပစ္စည်းတစ်ခု ကို တန်ဖိုးသင့်တာလောက်မလွယ်ကူပါဘူး။
ထဲ့သွင်းစဉ်းစားသင့်တဲ့အချက်တွေများစွာရှိပါတယ်။
✔️လုပ်ငန်းသဘောသဘာဝ
✔️အဓိက လုပ်ငန်း
✔️လုပ်ငန်း ကာလ
✔️လုပ်ငန်းပါဝင်အခန်းကဏ္ဍ အခြေအနေ
✔️စီးပွားရေးအခြေအနေ နှင့် အနေအထား
✔️ပြိုင်ဘက်များ
✔️ဈေးကွက်ဖော်ဆောင်ထားမှု အခြေအနေ
✔️စားသုံးသူ အရေအတွက်
✔️ဆုံးရှုံးနိုင်မှု/စွန့်စားရမှုများ
✔️အတိတ် နှင့် အနာဂတ် အမြတ်ရရှိနိုင်မှု
✔️တိုးတက်မှု အခြေအနေ
✔️ဝင်ငွေထွက်ငွေ
✔️ငွေကြေးလည်ပတ်မှု အခြေအနေ
ဒါတွေ အားလုံးက ထည့်သွင်းစဉ်းစားရမယ့်အချက်တွေဖြစ်ပါတယ်။
တန်ဖိုးသင့်တွက်နည်း (ရ)နည်း


လုပ်ငန်းတန်ဖိုးသင့် တွက်ချက်နည်း ကတော့ များသောအားဖြင့် (၇) နည်း နဲ့တွက်လေ့ရှိပါတယ်။
⭐(၁) အမြတ်အခြေခံတွက်နည်း (Profitibility)
⭐(၂) အနာဂတ်ဝင်ငွေ ကိုပစ္စုပန်တန်ဖိုးသင့် တွက်နည်း ( P.V of future cashflow)
⭐(၃) မူရင်းတန်ဖိုးအတိုင်း တွက်နည်း (book value)
⭐(၄) ပိုင်ဆိုင်မှုများကို မျှတတန်ဖိုးသင့် တွက်နည်း ( fair market value of net asset )
⭐(၅) ဝင်ငွေအခြေခံ တွက်နည်း (GRM)
⭐(၆) လုပ်ငန်းတူ နိုင်းယှဉ်တွက်နည်း (Similar Business)
⭐(၇) တွက်နည်းစုပေါင်း ( Integration )
လုပ်ငန်းရှင်တိုင်း ကိုယ့်လုပ်ငန်း တန်ဖိုးဘယ်လောက်လဲဆိုတာသိသင့်ပါတယ်။
တန်ဖိုးသင့်မှ …. တန်ဖိုးသိ၊
တန်ဖိုးသိမှ ….တန်ဖိုးရှိ မှာ ဖြစ်ပြီး
တန်ဖိုးရှိ မှ ….တန်ကြေးညှိ နိုင်မှာ ဖြစ်ကြောင်း ပါ။
အတွေးလေးတစ်ခု ရနိုင်ကြပါစေ။

မာသင်