မာသင်

စီးပွားရေးလုပ်ငန်းအသိပညာ ၊ အိုင်ဒီယာများ စုစည်းရာ
ဗွီဒီယိုများအားလုံး

Video

ကြည့်စရာဗွီဒီယိုတွေ
ရှိတယ်

Read

ဖတ်စရာဆောင်းပါး တွေ
ရှိတယ်

Class

တက်စရာသင်တန်းတွေ
ရှိတယ်

Network

ခင်စရာမိတ်ဆွေတွေ
ရှိတယ်

သင်တန်းသားများ၏ Review များ

ဆရာမာသင် သင်တန်း က ကျွန်မပထမဦးဆုံးတက်ဖူးတဲ့ online သင်တန်းပါ။ ဆရာပေးတဲ့ idea ကို လက်တွေ့အသုံးချပြီး ဆရာ့ကျေးဇူးနဲ့ ကျွန်မကိုယ်တိုင်သင်တဲ့ ဂျပန်စာ online class များစွာကိုယခုလက်ရှိအောင်မြင်စွာဖွင့်နိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေသူတစ်ယောက်အနေနဲ့ ဆရာ့လို ဆရာတစ်ယောက်နဲ့တွေ့ဆုံခွင့်ရတာ အင်မတန်တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတခုပါဆရာ။ ဆရာကတော့ အများကြီးပေးပေမယ့်ယူတတ်ဖို့တော့လိုတာပေါ့နော်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားထက်ပိုကောင်းတဲ့စကားလုံးရှိရင်ပြောချင်ပါတယ်။ တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ့လိုလူသားများကိုအကျိုးပြုတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစာပါ့မယ်။ နောက်လည်းကူညီစောင့်ရှောက်သင်ကြားပေးပါအုံးနော်
Su Myanmar

Managing Director, DARUMA Japanese Language School

အကျိုးသိပ်ရှိတာ ပေါ့ ဆရာမာသင်လို လူမျိုးများများသာ ပေါ်ပေါက်ရင် မြန်မာ မှာရှိတဲ့ လူငယ် တွေ အားလုံး ပိုမိုတိုးတက်လာမှာ အမှန်ပါ သင်ပြရှင်းပြတာတွေ လည်း အရမ်းတော်ပါတယ် နောက်ထပ် လာမဲ့ သင်တန်းတွေကို စောင့်မျှော် ရင်းနဲ့ အတူ ဆရာမာသင်ကိုလည်း အပြင်မှာ ဆုံချင်သေးပါတယ်
နန်းမြန်မာ

(တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)

ဆရာ ရဲ့ စေတနာ အပြည့်နဲ့ ရှင်းလင်းပြတ်သတ်စွာ သင်ပြလမ်းညွှန်မှုတွေ က ကျမအတွက် ခွန်အား ဖြစ်ပါတယ်ဆရာ။ ငွေကြေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာ သိစရာ တွေ အသေးစိတ် သိလိုက်ရတဲ့ အတွက် များစွာ အကျိုးရှိတဲ့ သင်တန်းပါ။ သင်တန်းကြေးထက်ကို ကိုယ်ပြန်ရလိုက်တဲ့ ပညာက တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိလို့ လူတိုင်းတက်သင့်တဲ့ သင်တန်းပါ။ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ဆရာနဲ့ မိသားစု တဖွဲ့သားလုံး ကိုယ်ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေ။
မိတ်ဆက်

ကားပစ္စည်း ဆိုင်( မန္တလေး)

ဒီသင်တန်းက အရမ်းကို အကျိုး ကျေးဇူးတွေ၊ အသိပညာတွေ ရရှိပါတယ် ဆရာ။ ဒီသင်တန်းကို တက်ခဲ့ရတဲ့အတွက် စီးပွားရေး တစ်ခုလုပ်ဖို့ အတွက်၊ အသိပညာ နှင့် စီးပွားရေး ဗဟုသုတ အများကြီး ရရှိခဲ့ပါသည်။ Needs ကို ရှာတွေ့အောင် လုပ်ရပါ့မယ်။ Unique Value လုပ်ရမှာကိုလည်း ခေါင်းထဲရောက်သွားပြီး သင်တန်းကြေးနဲ့ မတန်အောင် ကို အကျိုးကျေးဇူးတွေ အများကြီး ရရှိလိုက်ပါတယ်။ အကြိုက်ဆုံးအချက်က Live အစီအစဉ် ကို အလွန်နှစ်သက် တယ်။ ဗဟုသုတ အများကြီး ရလို့ ဆရာမာသင်ကို အထူးကျေးဇူးတင်ပါတယ်။
Aminar Bi Bi

(သင်တန်းသူတစ်ဦး)